စားသုံးသူတွေ အနံ့စွဲမနေအောင် စားသောက်ပြီးရင် ခေါင်းလျှော်ပေးဦးမယ့် ဟော့ပေါ့ဆိုင်

22.8.23-yyl-1.jpg

တချို့တွေက ဟော့ပေါ့ စားရတာကြိုက်ပေမဲ့ ဟော့ပေါ့ဆိုင်ကထွက်လာရင် အနံ့အသက် စွဲနေတာကို မနှစ်မြို့ကြပါဘူး။ ဆံပင်တွေမှာ စွဲနေတဲ့ အဲဒီအနံ့အသက်ဟာ နာရီပေါင်းများစွာ တစ်ခါတလေ နောက်နေ့ကူးသွားတဲ့အထိ စွဲနေတတ်ပါတယ်။

တရုတ်နိုင်ငံ ဝူရှီမြို့မှာရှိတဲ့ ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ကတော့ သူတို့ရဲ့ ပင်တိုင်စားသုံးသူတွေအတွက် ခေါင်းလျှော်ပေးတဲ့ ဝန်ဆောင်မှုကိုပါ စတင်လိုက်ပါပြီ။ ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ရဲ့ ခေါင်းလျှော်စင်က နာမည်ကြီးဗျူတီးဆလွန်းတွေကို ယှဉ်နိုင်စွမ်းရှိပြီး စိတ်ကျေနပ်စရာ ဝန်ဆောင်မှုမျိုးရတယ်လို့ ခေါင်းလျှော်ခွင့်ရသူတွေက ဆိုပါတယ်။

ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ရဲ့ ခေါင်းလျှော်ပေးတဲ့ ဝန်ဆောင်မှုရဖို့ဆိုရင် loyalty point ၂၀၀ ရှိဖို့ လိုပါတယ်။ ဟိုင်တီလောင် ဆိုင်တွေမှာ စားတဲ့အခါ ကျသင့်ငွေ ၁ ယွမ်ကို loyalty point ၁ ပွိုင့် သတ်မှတ်ပေးမှာပါ။ ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ဟော့ပေါ့ဆိုင် လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။

ခေါင်းလျှော်ပေးတဲ့ ဝန်ဆောင်မှုဟာ လက်ရှိအချိန်မှာတော့ စမ်းသပ်ဆဲကာလပဲ ရှိသေးပြီး အောင်မြင်မှုရခဲ့မယ်ဆိုရင် အနယ်နယ်အရပ်ရပ်က ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ခွဲတွေမှာပါ ဝန်ဆောင်မှုပေးသွားဖို့ ရှိပါတယ်။ ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ဟာ အရင်ကလည်း ပင်တိုင်စားသုံးသူတွေကို လက်သည်း၊ ခြေသည်းပြင်တာ၊ မိတ်ကပ်လိမ်းပေးတာ အစရှိတဲ့ ဝန်ဆောင်မှုတွေ ပေးခဲ့ဖူးပါတယ်။

Ref: Hotpot Restaurant Launches Hair Washing Service for Loyal Customers

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top