၂၀၂၆ ခုနှစ် Box Office မှာ ဝင်ငွေအများဆုံးမင်းသမီးဖြစ်လာတဲ့ ဇန်ဒါယာ

zan.webp

မင်းသမီး ဇန်ဒါယာဟာ အခုနှစ်ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်ခဲ့ပြီးနောက် ကမ္ဘာ့တစ်ဝှမ်းမှာ ဒေါ်လာ ၂ ဘီလျံနီးပါးဝင်ခဲ့တာကြောင့် ၂၀၂၆ ခုနှစ် Box Office မှာ ဝင်ငွေအများဆုံးမင်းသမီးဖြစ်လာခဲ့ပါတယ်။

Spider-Man: Brand New Day, The Odyssey နဲ့ The Drama ဇာတ်ကားတွေဟာ သူ့ကို Box Office မှာ ကြီးမားတဲ့လွှမ်းမိုးမှုဖြစ်စေခဲ့ပါတယ်။ Spider-Man: Brand New Day က သမိုင်းဝင် အဖွင့်သီတင်းပါတ်နဲ့ ကမ္ဘာ့တစ်ဝှမ်းမှာ ဒေါ်လာ သန်း ၉၂၀ ကျော်ရရှိခဲ့ပါတယ်။ The Odyssey ဇာတ်ကားက ကမ္ဘာ့တစ်ဝှမ်းမှာ ဒေါ်လာ ၉၁၁ သန်းခန့်ရရှိခဲ့တာပါ။ The Drama ဇာတ်ကားက ဇန်ဒါယာရဲ့နှစ်စဉ်စုစုပေါင်းဝင်ငွေမှာ ဒေါ်လာ ၁၃၂ သန်းထပ်မံဖြည့်ပေးခဲ့ပါတယ်။

ဇန်ဒါယာ ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၂၆ ခုနှစ်ကုန်ပိုင်းမှာ ရုံတင်ပြသဖို့ စီစဉ်ထားတဲ့ Dune: Part Three က သူ့ရဲ့ဝင်ငွေကို ဒီထက်ကျော်လွန်သွားအောင်လုပ်နိုင်ဦးမှာဖြစ်ပါတယ်။

Ref: Zendaya becomes highest grossing actor in the 2026 box office

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top