UFC ကြယ်ပွင့်တွေနဲ့ လေ့ကျင့်မှုအပြီးမှာ သူ့ရဲ့ကိုယ်လုံးကိုယ်ထည်ကို ထုတ်ပြလိုက်တဲ့ ဇူကာဘက်

13.7.23-yyl-2.jpg

ဖေ့စ်ဘွတ်ခ်တည်ထောင်သူကြီး မက်ခ်ဇူကာဘတ်ဟာ UFC အကျော်အမော်တွေဖြစ်တဲ့ အစ္စရေး အက်ဒီဆန်ယာ နဲ့ အဲလက်စ် ဗိုကန်ဗီစကီးတို့နဲ့အတူ လေ့ကျင့်ရေးဆင်းနေခဲ့တာပါ။ လေ့ကျင့်မှုအပြီးမှာတော့ ဇူကာဘက်က သူ့ရဲ့ကိုယ်လုံးကိုယ်ထည်ကို ထုတ်ပြထားတာတွေ့ရပါတယ်။

အက်ဒီဆန်ဘာက သူတို့အတူ ရိုက်ထားတဲ့ ၃ ယောက်ပုံကို “မက်ခ်နဲ့ အတုအယောင်မဟုတ်ဘူး။ အစစ်အမှန်ပါပဲ”ဆိုတဲ့စာသားနဲ့ တင်ခဲ့တာပါ။ ဇူကာဘက်ကလည်း “မင်းတို့နဲ့ လေ့ကျင့်ရတာ ဂုဏ်ယူစရာပါပဲ”လို့ ပြန်လည်တုံ့ပြန်မှတ်ချက်ပေးထားပါတယ်။

ဇူကာဘက်ကိုယ်တိုင်က ဂျူဂျစ်ဆုတိုက်ခိုက်ရေးသမားဖြစ်တဲ့အတွက် ကိုယ်ခံပညာတိုက်ခိုက်ရေးသမားတွေအပေါ် လေးစားပါတယ်။ အရင်ကလည်း သူဟာ UFC ရဲ့ပရိသတ်ဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက “ကျွန်တော် UFC ကြည့်ရတာ အရမ်းကြိုက်တယ်။ ကျွန်တော် အားကစားလုပ်ရတာလည်း ကြိုက်တာကြောင့်ပါ”လို့ ပြောခဲ့ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့က အီလွန်မက်စ်ဟာ ဇူကာဘတ်ကို အခြားပြိုင်ပွဲအမျိုးအစားတစ်မျိုးနဲ့ လူသိရှင်ကြား ထပ်မံစိန်ခေါ်ခဲ့ပြီးတဲ့နောက်မှာ UFC ကြယ်ပွင့်တွေနဲ့ မက်ခ် ဇူကာဘတ်ရဲ့ပုံတွေ ထွက်ပေါ်လာခဲ့တာပါ။ အီလွန်မက်စ်က ဇူကာဘတ်ကို လိင်အင်္ဂါအရှည်ပြိုင်ဖို့ စိန်ခေါ်ခဲ့တာပါ။

မက်ခ်ဇူကာဘတ် ထုတ်လိုက်တဲ့ Threads App မှာ အမေရိကန်အသင့်စားစားသောက်ဆိုင် Wendys ဆိုတဲ့ အကောင့်က ဇူကာဘတ်ကို “ဟေး….သူ့ကို အရူးလုပ်ဖို့ အာကာသကို သွားသင့်တယ်”လို စနောက်သလို ပြောခဲ့တာကို ဇူကာဘတ်က ရယ်မောနေတဲ့ Emojiနဲ့ တုံ့ပြန်ထားတဲ့ Screenshot တွေထွက်ရှိလာခဲ့ပြီးတဲ့နောက်မှာ အီလွန်မက်စ်က အခုလိုစိန်ခေါ်ခဲ့တာပါ။

Ref: Mark Zuckerberg Shows Off Ripped Physique After Training With UFC Stars

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top