Snow White ရုပ်ရှင်ကားမှာ မကောင်းဆိုးဝါးဘုရင်မကြီးအဖြစ် ဂယ်ဂဒေါ့ ပါဝင်နိုင်ဖွယ်ရှိ

11-5-2021yyl3.jpg

မင်းသမီး ဂယ်ဂဒေါ့ (Gal Gadot) ဟာ Wonder Woman ဇာတ်ကားတွေမှာ ဟီးရိုးဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ပေမဲ့ နောက်ထပ်ဇာတ်ကားအသစ်မှာတော့ ဗီလိန်ဇာတ်ကောင်အနေနဲ့ ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။

လက်တလောမှာတော့ ဂယ်ဂဒေါ့က Live Action အဖြစ် အသက်သွင်းမယ့် Snow White ဇာတ်ကားမှာ မကောင်းဆိုးဝါးဘုရင်မကြီး (Evil Queen) အဖြစ် ပါဝင်ဖို့ Disney နဲ့ နောက်ဆုံးဆွေးနွေးညှိနှိုင်းမှုလုပ်နေပါတယ်။ Disney က Snow White ဇာတ်ကားကို ၂၀၂၂ခုနှစ်မှာ ရိုက်ကူးရေးစတင်ဖို့တော့ စီစဉ်ထားပါတယ်။ မကြာခင်မှာတော့ ဂယ်ဂဒေါ့က မကောင်းဆိုးဝါးဘုရင်မကြီး ဆိုတဲ့ ဗီလိန်ဇာတ်ကောင်အဖြစ် ခြေလှမ်းစတင်နိုင်ဖို့ မျှော်လင့်ရပါတယ်။

Brothers Grimm ဒဏ္ဍာရီပုံပြင်ကိုအခြေခံထားတဲ့ မူရင်း စနိုးဝှိုက်နဲ့လူပုလေး (၇) ယောက် (Snow Whit and the Seven Dwarfs) အန်နီးမေးရှင်းဇာတ်ကားဟာ ၁၉၃၇ ခုနှစ်က ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အိပ်ရာဝင်ပုံပြင်အဖြစ်လည်း ကလေးတွေကို လူကြီးတွေက ပြောပြလေ့ရှိပါတယ်။

စနိုးဝှိုက်ဇာတ်ကြောင်းနဲ့ စနိုးဝှိုက်အန်နီးမေးရှင်းဇာတ်ကားကို မသိတဲ့သူ မရှိသလောက်ပါပဲ။ စနိုးဝှိုက်နဲ့ လူပုလေး (၇) ယောက်ဇာတ်ကားမှာ ပဉ္စလက်မှန်ကြီးရှေ့ ထိုင်ပြီး “မှန်ကြီး မှန်ကြီး လောကကြီးမှာ ဘယ်သူအလှဆုံးလဲ” လို့ မေးလေ့ရှိတဲ့ ဇာတ်ကောင်ကို မြင်တွေ့ခဲ့ကြရမှာပါ။ အဲဒီဇာတ်ကောင်နေရာမှာ ဂယ်ဂဒေါ့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

Live Action အဖြစ် ရိုက်ကူးမယ့် Snow White ဇာတ်ကားအကြောင်း များများစားစားမရသေးပေမဲ့ ဘန်ဂျ် ပါဆပ်ခ် (BenJ Pasek)နဲ့ ဂျက်စတင် ပေါလ် ( Justin Paul) သီချင်းရေးဆရာတွေနဲ့အတူ အန်နီးမေးရှင်းဇာတ်ကားထဲက ဇာတ်လမ်းနဲ့ ဂီတတွေပေါ်မူတည်ပြီး ဖန်တီးသွားမယ်လို့ Deadline နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါရိုက်တာ မာ ဝပ်ဘ် (Marc Webb) က ရိုက်ကူးမှာဖြစ်ပြီး စနိုးဝှိုက်အဖြစ် မင်းသမီး ရေချယ် ဇက်ဂလာ (Rachel Zegler) က ပါဝင်မယ်လို့ သိရပါတယ်။

Ref: AsiaOne “Gal Gadot transforms into evil queen for Disney’s live-action Snow White”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top