အက်ဒ်ရှီရန် နဲ့ တေလာဆွစ်ဖ်တို့ ပူးပေါင်းတင်ဆက်ထားတဲ့ သီချင်းတစ်ပုဒ် ထွက်ရှိမယ်

10-2-2022-yyl05.jpg

ပရိသတ်တွေက ဒိတ်ဒိတ်ကြဲအဆိုတော် (၂) ယောက် ပူးပေါင်းတင်ဆက်မယ့် သီချင်းတစ်ပုဒ်ကို နားထောင်ရတော့မှာဖြစ်ပါတယ်။ အဲဒီအဆိုတော် (၂) ယောက်က အက်ဒ်ရှီရန် (Ed Sheeran) နဲ့ တေလာဆွစ်ဖ် (Talyor Swift) တို့ပါ။ သူတို့ရဲ့သီချင်းက ဖေဖော်ဝါရီ ၁၁ ရက်နေ့ထွက်ရှိမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ သီချင်းအသစ်ထွက်ရှိမယ်ဆိုတာကို အက်ဒ်ရှီရန်က အင်စတာဂရမ်မှာ ပြောကြားခဲ့တာပါ။

“ကျွန်တော်ရဲ့ချစ်သူငယ်ချင်း တေလာဆွစ်ဖ် ပါဝင်သီဆိုပေးထားတဲ့ The Joker And The Queen” က ဒီသောကြာနေ့ထွက်ရှိမှာပါ” လို့ အက်ဒ်ရှီရန်က ရေးသားခဲ့ပါတယ်။ အက်ဒ်ရှီရန်က ဒီသတင်းကို မကြေညာခင် ပရိသတ်တွေက အခုထွက်ရှိလာမယ့် သီချင်းဟာ နောက်ဆုံးထွက်သီချင်းအယ်လ်ဘမ် Equals က သီချင်းတစ်ပုဒ် The Joker and The Queen ကို ရီမစ်လုပ်ထားတာဖြစ်မယ်လို့ အခိုင်အမာယုံကြည်ခဲ့ကြပါတယ်။

ပရိသတ်တွေရဲ့သီအိုရီအရ အက်ဒ်ရှီရန်နဲ့ တေလာတို့နှစ်ဉီးက ဖြန့်ချိမယ့်အချက်အလက်The Joker and The Queen (fear Talyor Swift) မှာ ဖော်ပြထားတဲ့ သီချင်းအတွက် တရားဝင်သီချင်းစာသားဗီဒီယိုတစ်ခုနဲ့ ဂျိုကာတစ်ပိုင်း၊ ဘုရင်မတစ်ပိုင်းပါတဲ့ ဖဲချပ်တစ်ချပ်နဲ့ပုံဖော်ထားတဲ့ အနုပညာလက်ရာနဲ့ CDsကို ပြထားတဲ့ အင်စတာဂရမ် teaser အပါအဝင် ပူးပေါင်းတင်ဆက်မှုကို ရည်ညွှန်းတဲ့ အရိပ်အမြွက်များစွာ ချန်ထားခဲ့ပါတယ်။ ဖဲချပ်ပုံမှာပါတဲ့ ဘုရင်မက ရွှေ​ရောင်ဆံပင်နဲ့ဖြစ်ပြီး တေလာဆွစ်ဖ်နဲ့ အတော်လေးတူတယ်လို့ ဆိုပါတယ်။

အက်ဒ်ရှီရန်နဲ့ တေလာဆွစ်ဖ်တို့ ပူးပေါင်းတင်ဆက်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်ကလည်း သီချင်း (၃) ပုဒ်အတူတူ ဆိုခဲ့ဖူးပါတယ်။ အဲဒီသီချင်း (၃) ပုဒ်က တေလာရဲ့သီချင်းအယ်လ်ဘမ်တွေထဲကဖြစ်ပြီး Red သီချင်းအယ်လ်ဘမ်က “Everything Has Changed”၊ Reputation ထဲက “End Game” နဲ့ Red (Taylor’s Version) ထဲက “Run” တို့ဖြစ်ပါတယ်။

Ref: ABCNews “Ed Sheeran reveals song with Taylor Swift is coming Friday”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top