ရုံတင်တဲ့ပထမပတ်မှာပဲ နံပါတ် ၁ နေရာ ချိတ်ခဲ့တဲ့ Fast X

22.5.2023-yyl-6.jpg

“Fast and Furious” ဇာတ်ကား ၁၀ ကားမြောက် “Fast X” ဟာ ရုံတင်တဲ့ပထမပတ်မှာပဲ Guardians of the Galaxy Vol.3 ကို ကျော်ပြီး Box Office မှာ နံပါတ် ၁ နေရာကို ရယူခဲ့ပါတယ်။ “Fast X” က မြောက်အမေရိကရုပ်ရှင်ရုံပေါင်း ၄၀၄၆ ကနေ လက်မှတ်ရောင်းရငွေ ဒေါ်လာ ၆၇.၅ သန်း ဝင်ခဲ့တာပါ။ ဒါက စရုံတင်ချင်းမှာ ရခဲ့တဲ့ “Furious 7” ရဲ့ ဒေါ်လာ ၁၄၂.၂ သန်းထက် နည်းပါတယ်။

“Fast X” ရဲ့ပြည်တွင်းပွဲဦးထွက်က ပထမ (၃) ကားအထက်မှာ ရှိပါတယ်။ “Fast X” မတိုင်ခင် ထွက်ရှိခဲ့တဲ့ “F9” က ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ သန်း ၇၀ နဲ့ စဖွင့်ခဲ့တာပါ။ ဒါပေမဲ့ Fast and Furious ဇာတ်ကားတွေက နိုင်ငံတကာမှာ ရုံတင်ငွေ အများကြီးဝင်အောင် အမြဲလိုလိုလုပ်နိုင်ခဲ့ပါတယ်။

“Fast X” က နိုင်ငံတကာဈေးကွက် ၈၄ ခုမှာ ဖွင့်လှစ်ခဲ့ပြီး ရုပ်ရှင်ရုံပေါင်း ၂၄၀၀၀ ကျော်မှာ ပြသခဲ့ကာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၂၅၁.၄ သန်း ဝင်ခဲ့ပါတယ်။ ထိပ်ဆုံးဈေးကွက်က ဒေါ်လာ ၇၈.၃ သန်းနဲ့ တရုတ်ဖြစ်ပြီး ဒုတိယက ဒေါ်လာ ၁၆.၇ သန်းနဲ့ မက္ကဆီကိုနိုင်ငံပါ။ ကမ္ဘာတစ်ဝှမ်းပွဲဦးထွက်ဝင်ငွေက ဒေါ်လာ ၃၁၉ သန်းအထိရှိနေပါတယ်။

ဒါရိုက်တာ လူးဝစ် လဲတာရီယား ရိုက်ကူးတဲ့ “Fast X” မှာ ပရိသတ်တွေရင်းနှီးပြီးသားသရုပ်ဆောင်တွေဖြစ်တဲ့ ဗင်ဒီဇယ်၊ မီရှဲလ် ရိုဒရီဂွက်ဇ်၊ တိုင်ရီဆဲ ဂီဘ်ဆန်တွေပြန်ပါဝင်ထားတဲ့အပြင် အသစ်တွေအနေနဲ့ ဘရီလာဆင်နဲ့ ဗီလိန်အဖြစ် ဂျေဆင်မိုမိုအာတို့လည်း ပါဝင်ထားပါတယ်။ ဒီဇာတ်ကားအတွက် မာကတ်တင်းစရိတ်မပါဘဲ ရိုက်ကူးစရိတ်တင် ဒေါ်လာ သန်း ၃၄၀ ကုန်ကျတယ်လို့ သိရပါတယ်။

Ref: ‘Fast X’ speeds to No. 1; knocks ‘Guardians 3’ to 2nd

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top