Apple ရဲ့ Face Time app ကအားနည်းချက်ကိုရှာတွေ့ခဲ့တဲ့ ဆယ်ကျော်သက်

DSCF2931.0.jpg

Face Time app မှာ Group Call ခေါ်ဆိုနေချိန်ချိတ်ဆက်မထားရသေးသူဆီကအသံကိုပါ ကြားနိုင်နေတဲ့ပြဿနာတစ်ခု မကြာသေးခင်ကဖြစ်ခဲ့လို့ သုံးစွဲသူများစွာဟာ စိတ်အနှောက်အယှက်ဖြစ်ခဲ့ကြရပါတယ်။ အခုတော့ ဒီချို့ယွင်းချက်ကိုပြင်ဆင်ပေးထားတဲ့ iOS 12.1.4 ဆော့ဖ်ဝဲအသစ်ကို သုံးစွဲသူတွေအတွက် Apple က ထုတ်ပေးထားပါပြီ။

ဒီချို့ယွင်းချက်ကိုရှာတွေ့ခဲ့တဲ့သူကတော့ ဂရန့် သွန်ပ်ဆင် (Grant Thompson) ဆိုတဲ့ အသက် (၁၄) နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ Group Call ခေါ်ဆိုချိန်မှာ သူက ဒီပြစ်ချက်ကို တွေ့ခဲ့တာဖြစ်ပြီး ခေါ်ဆိုမှုထဲမှာမပါဝင်ထားတဲ့သူငယ်ချင်းတစ်ယောက်ရဲ့အသံကို သူကြားလိုက်စဉ်မှာ သတိထားမိသွားတာပါ။ သွန်ပ်ဆင်ရဲ့ ရှာဖွေတွေ့ရှိမှုကို Apple က အသိအမှတ်ပြုခဲ့ပြီး သွန်ပ်ဆင်ရဲ့ပညာရေးအတွက် ကူညီထောက်ပံ့ပေးပြီး ဂုဏ်ပြုသွားမယ်လို့ ပြောကြားထားပါတယ်။

သုံးစွဲသူများစွာကို အဆင်မပြေဖြစ်စေခဲ့တဲ့ ဒီအားနည်းချက်အတွက် Apple ဘက်က “အခုဆော့ဖ်ဝဲအသစ်မှာ Face Time ရဲ့ လုံခြုံရေးပိုင်းပြစ်ချက်တွေကိုပြင်ဆင်ထားပြီးပါပြီ။ စိတ်ရှည်သည်းခံပေးခဲ့ကြတဲ့ သုံးစွဲသူအားလုံးကို ကျေးဇူးတင်မိသလို ထပ်ပြီးတော့လည်း တောင်းပန်ချင်ပါတယ်။ သုံးစွဲသူတွေအသိပေးလာကြတဲ့ပြစ်ချက်တိုင်းကို ကျွန်တော်တို့အဖွဲ့သားတွေက ချက်ချင်းစစ်ဆေးပြီး အခုဆိုရင် Face Time ရဲ့ app ကော ဆာဗာကိုပါ မွမ်းမံအဆင့်မြှင့်လိုက်ပါပြီ။ ဒါ့အပြင် Live photos လုပ်ဆောင်ချက်ရဲ့အားနည်းချက်တွေကိုလည်း ရှင်းလင်းပြင်ဆင်ပေးထားပါသေးတယ်။ နောက်ဆုံးဆော့ဖ်ဝဲအသစ်ကို မမြှင့်ရသေးတဲ့သုံးစွဲသူတွေအဆင်ပြေအောင်လို့ iOS နဲ့ Mac OS ဆော့ဖ်ဝဲအဟောင်းတွေအတွက် Live photos လုပ်ဆောင်ချက်ကို ပိတ်ပစ်ဖို့ ဆာဗာတွေကိုလည်း အဆင့်မြှင့်လိုက်ပါပြီ” လို့ တောင်းပန်စာထုတ်ပြန်ခဲ့ပါတယ်။

Ref: CNBC News “Apple releases fix for the FaceTime eavesdropping exploit and will pay a reward to the teen who found it”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top