မြန်မာနိုင်ငံဟာ တစ်ခုထက်ပိုတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးပြော

Capture.png

ရန်ကုန်၊ အောက်တိုဘာ (၂၅)

မြန်မာနိုင်ငံဟာ တစ်ခုထက်မကတဲ့ အကျပ်အတည်းတွေကို ပေါင်းစပ်ပြီး ပိုမိုဆိုးရွားပြင်ထန်လာတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးက ပြောပါတယ်။

လက်ရှိအခြေအနေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက ရရှိထားတဲ့ အရေးကြီးတဲ့ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းဆိုင်ရာ တိုးတက်အောင်မြင်မှုတွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ (၇၆) နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည့်နေ့ သဝဏ်လွှာမှာ ယာယီညှိနှိုင်းရေးမှူးက ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။

“အခုလိုအကျပ်အတည်းတွေ ကြုံတွေနေရတဲ့ အချိန်မှာ ကျွန်တော်အနေနဲ့ အားလုံးကို နောက်တစ်ကြိမ်ထပ်မံ ကတိပြုလိုတာကတော့ မြန်မာနိုင်ငံ ကုလသမဂ္ဂဌာနအဖွဲ့တွေ အနေနဲ့ မြေပြင်မှာ ဆက်လက်ရှိနေပြီး မြန်မာပြည်သူတွေရဲ့ အကျိုးဆက်လက် သယ်ပိုးသွားမယ်ဆိုတာပါပဲ” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအမျိုးမျိုး အပါအဝင် ဒီနေ့ကမ္ဘာပေါ်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို စုပေါင်းကိုင်တွယ်ဖြေရှင်းဖို့အတွက် မူဘောင်တစ်ရပ်အဖြစ် အရင်ကလိုပဲ တရားဝင်ခိုလုံမှုရှိနေဆဲဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးက ပြောပါတယ်။

ဆာလောင်ငတ်မွတ်မှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ ပဋိပက္ခတွေနဲ့ တန်းတူညီမျှမရှိမှုတွေဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂနှစ်ပတ်လည့်နေ့ သဝဏ်လွှာထဲမှာ ရေးသားထားပါတယ်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top