MKC All-Breed Championship Dog Show 2020 ပြိုင်ပွဲကိုကျင်းပသွားမယ်

dog-show.jpg

Myanmar Kennel Club‎ မှကြီးမှူးကျင်းပတဲ့ တတိယအကြိမ်မြောက် MYANMAR GRAND DOG SHOW MKC All-Breed Championship Dog Show 2020 ပြိုင်ပွဲကို မတ်လ (၁၄)ရက်နေ့မှ (၁၅) ရက်နေ့အထိ Myanmar Convention Center (MCC) ခန်းမမှာ ကျင်းပသွားမှာဖြစ်တယ်လို့ Myanmar Kennel Club မှသိရပါတယ်။

ပြိုင်ပွဲကို မနက် (၉) နာရီမှ ညနေ (၆) နာရီအထိကျင်းပသွားမှာဖြစ်ပြီး လက်ရှိအချိန်အထိ Myanmar Grand Dog Show ပြိုင်ပွဲအတွက် စာရင်းပေးသွင်းထားတဲ့ ခွေးအကောင်ရေ (၆၀) ကျော်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။

ပြိုင်ပွဲဝင်မယ့်ခွေးတွေကို သူတို့ရဲ့သက်တမ်းအလိုက် (၃) လကနေ (၆) လ ဆိုရင် Baby Club၊

(၆) လကနေ (၉) လ ဆိုရင် Barbie Club၊ (၉) လကနေ (၁၅) လဆိုရင် Junior Club၊

(၁၅) လ နဲ့ အထက်ဆိုရင် Open Club ဆိုပြီး ပြိုင်ပွဲအမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်ထားပါတယ်။

“ပြိုင်ပွဲရဲ့ဆုကြေးအနေနဲ့က ဘယ်နိုင်ငံက Kenel Clubတိုင်းမှာမဆို Dog Show မှာ ဆုရရှိတဲ့ခွေးလေးတွေကို ဘာဆုကြေးမှ မချီးမြှင့်ကြပါဘူး။ ခွေးလေးတွေရဲ့တန်ဖိုးက Champian ဖြစ်တာပေါ်မူတည်နေတဲ့အတွက် Champian ဆိုတဲ့ ဘွဲ့ကိုပဲ ပေးအပ်ပါတယ်။ ဒီပြိုင်ပွဲမှာ ခွေးလေးတွေအတွက် Champian ဆိုတဲ့ ဘွဲ့ကသာ အရေးကြီးဆုံးပါပဲ။” လို့ Myanmar Kennel Club မှ Vice-President ဖြစ်သူ Dr. Su Eaindray Zaw ကပြောပါတယ်။

Myanmar Grand Dog Show ပြိုင်ပွဲကို FCI က အသိအမှတ်ပြုထားတဲ့ ခွေးမျိုးရင်း (၃၉၄) ကပဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ Myanmar Kennel Club‎ မှသိရပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top