ဆီးချိုနှင့်သွေးတိုးကျဆေးများ ဈေးသက်သာစွာဖြင့် မှာယူနိုင်မည့် ပလက်ဖောင်းအသစ်ကို CommonHealth မိတ်ဆက်

21.3.2023-yyl-iamge-4.jpg

မြန်မာနိုင်ငံရှိ ဆီးချိုနှင့် သွေးတိုးဝေဒနာရှင်များ နေ့စဉ်သောက်သုံးနေသော ဆေးဝါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည့်အပြင် ဆေးများကို အိမ်အရောက် အခမဲ့ပို့ဆောင်ခြင်းနှင့် နိုင်ငံတကာအဆင့် အရည်အသွေး အာမခံချက်ပေးဆောင်သည့် e-commerce ပလက်ဖောင်းကို Common Health က စတင်မိတ်ဆက်ခဲ့သည်။ ဝယ်ယူသူများအနေဖြင့်လည်း ကျပ် ၁၀၀၀၀ ဖိုးနှင့်အထက် ပထမဆုံးအကြိမ်ဝယ်ယူပါက အထူးလျော့ဈေး ၃၀၀၀ ကျပ်လည်း ရရှိမည်ဖြစ်သည်။

Common Health ပလက်ဖောင်းမှ တဆင့်ရောင်းချသော ဆေးဝါးတိုင်းသည် မှတ်ပုံတင်ထားသော အရည်အသွေး စစ်မှန်ကန်သည့် ဆေးဝါးများဖြစ်ကြောင်းလည်း အပြည့်အဝအာမခံထားသည်။
ရန်ကုန်မြို့(၃၁ မြို့နယ်)ဆိုလျှင် တစ်ပတ်လျှင် ၆ ရက်ပို့ဆောင်ပေးပြီး ပဲခူးမြို့ (၃၅ မြို့နယ်)အတွက် တစ်ပတ်လျှင် ၃ ရက် အခမဲ့ ပိုဆောင်ပေးနေပါသည်။ မြန်မာနိုင်ငံရှိ အခြားမြို့နယ်များအတွက် ကျပ် ၅၀၀၀၀ နှင့်အထက် မှာယူပါကလည်း အခမဲ့ပို့ဆောင်ပေးပါသည်။

ကျန်းမာရေးနှင့်ပက်သတ်သည့် မေးခွန်းများ၊ ဓာတ်ခွဲခန်းသွေးစစ်ချက်အဖြေများကို ဖတ်ရှုပေးရန်နှင့် အခြားကျန်းမာရေး အကြံပြုချက်များ မေးမြန်းသိရှိလိုပါက Common Health ၏ ကျွမ်းကျင်ဆရာဝန်များနှင့် တစ်ရက်လျှင် ၂၄ နာရီ ပိတ်ရက်မရှိ အချိန်မရွေး ဖုန်းခေါ်ဆိုပြီး အခမဲ့ဆွေးနွေး တိုင်ပင်နိုင်ပါသည်။

ဝယ်ယူသူများအနေဖြင့် ဆေးဈေးနှုန်းများ ကိုသို့မဟုတ် ဖုန်းနံပါတ်၀၉၇၇၀၄၄၅၀၀၀ အား (နေ့စဉ် မနက် ၇း၀၀ နာရီ မှ ည ၁၀း၀၀ နာရီအတွင်း) သို့ ဖုန်းဆက်မေးမြန်းနိုင်သကဲ့သို့ Facebook သို့မဟုတ် Viber မှတဆင့် ဆက်သွယ်မေးမြန်း မှာယူနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top