ငလျင်ဘေးသင့်သူတွေကို ကူညီဖို့ လက်ဘက်ရည်ရောင်းခဲ့တဲ့ ချာတိတ်လေး တက္ကသိုလ်ပညာသင်ဆု ရရှိ

21.3.2023-yyl-iamge-7.jpg

အသက်ငယ်ပေမဲ့ နှလုံးသားကြီးတဲ့ ချာတိတ်လေးဟာ တူရကီနဲ့ ဆီးရီးယားက ငလျင်ဘေးသင့်သူတွေကို ကူညီပေးနိုင်ဖို့ သူ တတ်နိုင်သရွေ့ ကြိုးပမ်းခဲ့တယ်။ သူကတော့ ဘော့စနီးယားနိုင်ငံ ဆာရာယေဗိုမြို့မှာ နေထိုင်တဲ့ ၁၃ နှစ်အရွယ် ကလေးငယ် ဘင်ဂျမင်ပါပဲ။ ဘင်ဂျမင်က လက်ဘက်ရည်ဖျော်ရောင်းပြီး ရန်ပုံငွေ ရှာခဲ့တာပါ။ တစ်ခွက်ကို ပြား ၅၀ ($0.5) နဲ့ပဲ ရောင်းတာဆိုတော့ ရန်ပုံငွေ ဒေါ်လာ ၁၀၀ ပဲ ရပါတယ်။

ရလာတဲ့ ငွေတွေနဲ့ ကလေးသုံးတစ်သျှူး၊ သွားတိုက်တံ၊ စားစရာနဲ့ တခြားအသုံးအဆောင်ပစ္စည်းလေးတွေဝယ်ပြီး ငလျင်ဘေးသင့်သူတွေထံ ပို့ပေးခဲ့တယ်။ နှလုံးသားလှတဲ့ ဘင်ဂျမင်ရဲ့လုပ်ရပ်က တခြားသူတွေရဲ့ နှလုံးသားတွေကိုပါ ကူးစက်စေခဲ့တယ်။ မတ်လ ၁၇ ရက်မှာတော့ ဆာရာယေဗို နိုင်ငံတကာတက္ကသိုလ်က ဘင်ဂျမင်ကို သူတို့ကျောင်းဝင်းထဲ ဖိတ်ခေါ်ခဲ့ပြီး အနာဂတ်ပညာရေးအတွက် ပညာသင်ဆု အပြည့်ပေးအပ်ခဲ့ပါတယ်။

” အသက်ငယ်ငယ်နဲ့ နှလု့းသားကြီးတဲ့ ကောင်လေးပါ။ ခက်ခဲတဲ့ အချိန်ကာလတွေမှာ လူသားတွေ ဘယ်လိုတုံ့ပြန်ပြုမူသင့်လဲဆိုတာ သူက စံနမူနာပြခဲ့ပါတယ်။ သူက ဆာရာယေဗိုနိုင်ငံတကာတက္ကသိုလ်ရဲ့ မိသားစုဝင်တစ်ဦး ဖြစ်သွားပါပြီ” လို့ ပါမောက္ခ အာမတ်ယီဒရင်က ဆိုပါတယ်။
ပြီးခဲ့တဲ့လက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားမှာ လူ ၅၆၀၀၀ ကျော် သေဆုံးခဲ့ပြီး ငလျင်ဘေးသင့်သူ ၁၇ သန်းနီးပါး ရှိခဲ့ပါတယ်။

Ref: University Awards Full Scholarship To 13-Year-Old Who Sold Tea To Help Earthquake Victims

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top