အမြန်ဆုံးအားသွင်းစနစ် 33W နှင့် 6+6 RAM/ 128GB ROM ပါဝင်သော realme C53 ကို တရားဝင်မိတ်ဆက်ပေးလိုက်ပြီး ဇွန်လ (၂၄)ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်

20.6.2023-yyl-32.jpg

ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် realme က မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက် နောက်ထပ်ချန်ပီယံထုတ်ကုန်သစ်တစ်ခုဖြစ်သည့် realme C53 ကို တရားဝင်မိတ်ဆက်ကြေညာပေးလိုက်ပြီဖြစ်ပြီး လာမည့် ဇွန်လ (၂၄)ရက်မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

realme C53 အတွက် RAM 6GB နှင့် ROM 128GB version တစ်မျိုးတည်းကို ဈေးနှုန်း ၄၆၉,၉၀၀ ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး အရောင်ရွေးချယ်မှုအဖြစ် Champion Gold နှင် Mighty Black ၂မျိုးကို ရွေးချယ်နိုင်စေမည်ဖြစ်သည်။

realme C53 တွင် အထင်ကရအဆင့်မြှင့်တင်ပေးမှုအဖြစ် သိုလှောင်မှုအပိုင်း၊ အားသွင်းမြန်ဆန်မှုအပိုင်းနှင့် ပရီမီယံဒီဇိုင်းပိုင်းတို့တွင် လုပ်ဆောင်ပေးထားပြီး ကြီးမားသည့် 128GB သိုလှောင်မှုနှင့်အတူ ယခု ၂၀၂၃ခုနှစ်အတွင်း မိတ်ဆက်ပေးထားသည့် realme ဖုန်းများထဲတွင် အားသွင်းအထူးမြန်ဆန်သည့် 33W စနစ်ကို Standard အဖြစ် ထည့်သွင်းပေးထားသည်။

ဒီဇိုင်းပိုင်းတွင် ရွှေရောင်လိုင်းစင်းလေးများကို ရွှေမှုန်းလေးများဖြင့်ပေါင်းစပ်ကာ ဆွဲဆောင်မှုရှိစေမည့် ပရီမီယံအသွင်းအဖြစ် ဖန်တီးပေးထားခြင်းဖြစ်သည်။ C Series ထုတ်ကုန်သစ်ဖြစ်သော realme C53 တွင် အဆင့်မြှင့်တင်ပေးထားမှုများမှာ entry-level ဖုန်းများတွင်ပါဝင်သည့်စံနှုန်းများကို တိုးမြင့်လာစေပြီး ပိုကောင်းသည့်အကျိုးကျေးဇူးများကို သုံးစွဲသူများရရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

realme C53 ဖုန်းတွင် ကြီးမားကြာရှည်ခံသော 5000mAh ဘက်ထရီကို ထည့်သွင်းပေးထားသော်လည်း realme ကထုတ်လုပ်ထားသည့်စမတ်ဖုန်းများထဲတွင် 7.49mm ဖြင့် အပါးဆုံးဖုန်းအဖြစ်စံချိန်တင်ကာ ဖန်တီးထုတ်လုပ်မှုအပိုင်းအဆင့်မြင့်မားမှုကိုပါ ပြသပေးထားခြင်းဖြစ်သည်။

ပိုမိုပြည့်စုံသည့် ကင်မရာလုပ်ဆောင်ချက်များနှင့်အတူ 50MP ပင်မကင်မရာနှင့် အဖြူအမဲရိုက်ယူနိုင်မည့် B&W ကင်မရာတို့ကိုနောက်ဘက်တွင် တပ်ဆင်ပေးထားပြီး ရှေ့ဘက် Selfie အလှပုံများရိုက်ယူနိုင်စေရန် 8MP ကိုထည့်သွင်းပေးထားသည်။

ကြီးမားကျယ်ပြန့်သည့် 6.74-inch HD မျက်နှာပြင်တွင် ထိတွေ့မှုပိုမိုမြန်ဆန်စေရန် 90Hz Refresh Rate ကိုပါထည့်သွင်းပေးထားသည်။ ပြင်ပအလင်းရောင်အောက်တွင် ပိုမိုပြတ်သားစွာဖုန်းကိုသုံးနိုင်စေရန်အတွက်လည်း အလင်းအားပမာဏကို 450 nits အထိပါ တိုးမြှင့်ထောက်ပံ့ပေးထားသေးသည်။

မျက်နှာပြင်တွင် ခေတ်ဆန်သည့်ထိတွေ့သုံးစွဲနိုင်စေရန်အတွက် Mini Capsule ကိုထောက်ပံ့ပေးထားပြီး လက်ရှိတွင် ဘက်ထရီအားဝင်သည့်စနစ်ကိုပြသပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် OTA (over-the-air update) မှတစ်ဆင့် Data သုံးစွဲမှုနှင့် ခြေလှမ်းလှမ်းသည့်အချက်အလက်များကို ပြသပေးသွားမည်ဖြစ်သည်။ realme C53 တွင် Octa-core စွမ်းဆောင်ရည်ရှိ Unisoc T612 chipset ကို ပေါ့ပါးသွက်လက်စေမည့် Android 13 တွင် အခြေခံထားသော relame UI T Edition နဲ့ပေါင်းစပ်ပေးထားသည့်အတွက် MLBB ဂိမ်းများကိုပင် Default Setting များတွင် ထားကာ ကစားနိုင်စေမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top