သားယောက်ျားလေးချည်း ကိုးဦးမွေးဖွားခဲ့သူ အမျိုးသမီး ထပ်မံ ကိုယ်ဝန်ဆောင်

3FD95FC100000578-0-image-a-15_1493757503342.jpg

သားယောက်ျားလေးချည်းပဲ ကိုးဦး မွေးဖွားခဲ့သူ အမျိုးသမီးဟာ သိပ်မကြာခင်မှာ သူရဲ့ ဆယ်ဦးမြောက် ရင်သွေးကို ထပ်မံမွေးဖွားတော့မှာပါ။

အသက် ၃၇ နှစ်အရွယ် စကော့တလန်ပြည်နယ်က Alexis Brett ဆိုသူ အမျိုးသမီးက ၁၅ နှစ်တာ ကာလမှာ သားယောက်ျားလေးတွေချည်း ကိုးဦးမွေးဖွားခဲ့တာပါ။ အရွယ်တွေကတော့ အစုံပါပဲ။ ၁၃ နှစ်သားကနေပြီး တစ်ဆယ့်လေးလသားအရွယ်အထိပါပဲ။ ဒါက နှစ်နှစ်တစ်ကြိမ်မွေးထားသလိုပါ။

အခု သူမဟာ ဆယ်ဦးမြောက် ရင်သွေးကို လွယ်ထားနေပါပြီ။ ဒီရင်သွေးလေးက မိန်းကလေးဖြစ်လာရင်တော့ ဘာဆက်လုပ်ရမှန်း မသိဘူးလို့ ဆိုပါတယ်။ သူမ မိသားစုကတော့ ဒီကလေးကို ယောက်ျားလေးဖြစ်ဖို့ မျှော်လင့်ထားကြပါတယ်။

သူမ အမျိုးသားကတော့ ရထားမောင်းသူဖြစ်ပါတယ်။ ကလေး ၉ ယောက်နဲ့ သူမတို့ရဲ့မိသားစုကတော့ စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေရပါတယ်။ တစ်ပတ်စာ အိမ်သုံးစရိတ်က ပေါင် ၂၅၀ ရှိတယ်။ ဒါက မြန်မာငွေနဲ့ ဆိုရင် လေးသိန်းကျော်လောက်ရှိနေတာပါ။

အခုတော့ Alexis Brett က ကလေးယူတာကို ရပ်ဖို့ အချိန်ကျပြီလို့ ဆိုပါတယ်။

Ref: Daily Mail; Boy oh boy! Mum who has given birth to nine sons reveals she is expecting a tenth… and says she wouldn’t have a clue what to do if the baby was a girl

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top