နွေရာသီမှာ မိတ်ကပ်ဘယ်လို လိမ်းကြမလဲ

052316-Flawless-Foundation-LEAD.jpg

ရာသီဥတုက တစ်နေ့ထက် တစ်နေ့ ပိုပူလာတဲ့အခါ မိတ်ကပ်လိမ်းဖို့ ပျိုမေတို့ အခက်တွေ့တတ်ကြပါတယ်။ မိတ်ကပ်ကွက်တာ၊ မညီတာ၊ အဆီပြန်တာတွေအပြင် ပူပြင်းတဲ့ အပူရှိန်ကြောင့် အသားအရေ မထိခိုက်ရအောင် ဆောင်ရမယ့်၊ ရှောင်ရမယ့် နည်းလမ်းလေးတွေက ပျိုမေတို့အတွက် အသုံးဝင်စေမှာပါ။

အသားအရေထိန်းသိမ်းတဲ့ပစ္စည်းများကို ပုံမှန်အတိုင်းသုံးပါ

နေအပူရှိန်ပြင်းတာကြောင့် အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်း (Skincare) တွေ မသုံးဘူးဆိုရင် အမဲစက်၊ တင်းတိပ်၊ ဝက်ခြံ၊ အနီစက်တွေ ထွက်ဖို့အလား အလာပိုများပါတယ်။ ရေဓာတ်ကို အခြေခံထားတဲ့ အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်း ဖြစ်မယ်ဆိုရင်တော့ လိမ်းရတာ အေးမြတဲ့ ခံစားချက်နဲ့အတူ ရာသီဥတုပူပူကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်စေမှာပါ။။

အနိမ့်ဆုံး SPF ၃၀ ပါတဲ့  နေရောင်ကာလိမ်းဆေး (Sunblock/Suncream) တို့ကို ရွေးချယ်ဖို့ မမေ့ပါနဲ့။ ဒါက သင့်အသားအရေကို ပြင်းထန်တဲ့ နေရောင်ခြည်ကနေ ထိတွေ့ရတဲ့အဖြစ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်အောက်မှာ ကြာရှည်နေရမယ်ဆိုရင်တော့ သုံးနာရီခြား တစ်ခါလောက် သုံးပေးဖို့တော့ လိုပါလိမ့်မယ်။ ရေများများသောက်တာကလည်း အသားအရေကို အထောက်အပံ့ ဖြစ်စေပါသေးတယ်။

မိတ်ကပ်လိမ်းတာကို အတတ်နိုင်ဆုံး ရှောင်ပါ

အကောင်းဆုံးကတော့ ဒီရာသီဥတုမှာ မိတ်ကပ် မလိမ်းတာ အကောင်းဆုံးပါပဲ။ ဒီရာသီနဲ့ အလိုက်ဖက်ဆုံးကတော့  သနပ်ခါး ရေကျဲလေးပါပဲ။ မဖြစ်မနေ မိတ်ကပ်လိမ်းမယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ BB cream လိုမျိုးကို ရွေးတာက သင့်အတွက်ပိုမို အဆင်ပြေစေမှာပါ။

ချွေးထွက်ရင်တောင် မိတ်ကပ် မပျက်စေဖို့အတွက် Primer သုံးဖို့လည်း လိုအပ်ပါတယ်။  ပူပြင်းတဲ့ ရာသီဖြစ်တဲ့အတွက် အဆီပြန်လွယ်တဲ့ Cream Type အမျိုးအစား ဖောင်ဒေးရှင်မျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။ ကိုရီးယားမင်းသမီးတွေ လိမ်းထားသလို မိတ်ကပ်သား ပြောင်ပြောင်လေးနဲ့ Dewy look က လှတာမှန်ပေမယ့် အဆီတစ်ဝင်းဖြစ်မယ့် ဒီရာသီဥတုနဲ့ဆိုတော့ အဆင်မပြေနိုင်လောက်ပါဘူး။

Matte Type ဖောင်ဒေးရှင်းက ပိုအဆင်ပြမှာပါ။ မိတ်ကပ်လိမ်းပြီးရင်တော့ အဆီမပြန်စေဖို့ Loose Powder ကိုတော့ မဖြစ်မနေ သုံးသင့်ပါတယ်။ ဒီလိုမျိုး ဖောင်ဒေးရှင်းအပြည့် မလိမ်းချင်ရင်လည်း Concealer လေးနဲ့ ဝက်ခြံ သို့မဟုတ် မျက်ကွင်းညိုတဲ့ နေရာလေးတွေကို ဖုံးလိုက်ပြီး Loose Powder သုံးလိုက်တဲ့ အသွင်အပြင်ကလည်း သင့်ကို ပေါ့ပါးစေမှာပါ။ ခပ်ဖျော့ဖျော့ ပါးနီအရောင်လေးကို ပါးပြင်ပေါ်တင်ဖို့ကိုလည်း မမေ့ပါနဲ့ဦး။

မျက်လုံးအလှ

သင့်ရဲ့ အိုင်းရှဲဒိုး အရောင် တောက်တောက်တွေကို ခေတ္တမေ့ထားလိုက်ပါ။ မျက်ခွံပေါ်က အညိုရင့်ရောင့် Eyeliner က သဘာဝဆန်ဆန်လေးနဲ့ လှစေပါတယ်။ ချွေးထွက်မယ့်ရာသီ ဖြစ်တဲ့အတွက် Mascara ကိုတော့ Waterpoorf ဖြစ်တာကို ရွေးချယ်ပေးပါ။

နှုတ်ခမ်းနီ

နှုတ်ခမ်းနီကိုတော့ Glossy နဲ့ အရောင် တောက်ပလွန်းတာတွေကို ရှောင်ဖို့ အလှအပဆိုင်ရာတွေက  အကြံပေးထားပါတယ်။ သင့် အသားအရောင်နဲ့ လိုက်ဖက်တဲ့ Matte နဲ့ Sheer Balm အမျိုးအစားက ဒီရာသီနဲ့ သင့်ကို လိုက်ဖက်လွန်းစေမှာပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top