လူသားများအား သူဘယ်လိုချုပ်ကိုင်နိုင်ကြောင်း Deepfake ဗီဒီယိုတွင် ပြောကြားခဲ့တဲ့ Mark Zuckerberg

1560276800192-Screen-Shot-2019-06-11-at-21154-PM.png

ဗြိတိသျှလူမျိုး အနုပညာရှင်များဖြစ်တဲ့ Bill Posters နဲ့ David Howe တို့က မားကတ်တင်းအေဂျင်စီတစ်ခုဖြစ်တဲ့ Canny နဲ့ ပူးပေါင်းပြီးတော့ Mark Zuckerberg ရဲ့ Deepfake ဗီဒီယိုတစ်ခုကို Instagram မှာ တင်ခဲ့ပါတယ်။ Deepfake ဆိုတာကတော့ ၂၀၁၇ ခုနှစ်မှာမှ စတင်သုံးစွဲတဲ့ ဝေါဟာရတစ်ခုဖြစ်ပြီး AI များရဲ့ Deep Learning နဲ့ အတုအယောင် Fake ဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

Deepfake ဗီဒီယိုများဟာ လူတစ်ယောက်ရဲ့ ဓာတ်ပုံများကတစ်ဆင့် သူ့မျက်နှာရဲ့ Facial Expression များကို လေ့လာကာ မိမိရေးချင်ရာရေးလိုက်တဲ့ စကားလုံးများကို ထိုလူက တကယ်ပြောဆိုနေတဲ့ပုံစံ လုပ်ဆောင်နိုင်တဲ့ နည်းပညာဖြစ်တယ်လို့ အကြမ်းဖျဉ်းမှတ်ယူနိုင်ပါတယ်။

Instagram ပေါ်မှာတင်ခဲ့တဲ့ ဒီ Mark Zuckerberg ရဲ့ ဗီဒီယိုမှာဆိုရင် ကြောက်စရာကောင်းတဲ့ အကြောင်းအရာတစ်ခုကို ကြားရမှာဖြစ်ပြီး Black Mirror ရုပ်ရှင်ကို အမှတ်ရစေပါတယ်။ Facebook တည်ထောင်သူ ပိုင်ရှင်ဖြစ်တဲ့ Mark Zuckerberg ဟာ လူဘီလီယံပေါင်းများစွာရဲ့ ဘဝများကို ဘယ်လိုထိန်းချုပ်နိုင်သလဲဆိုတာ သတိပေးသွားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။

သူပြောခဲ့တဲ့ စကားကို မြန်မာလို ဘာသာပြန်ရမယ်ဆိုရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“တစ်စက္ကန့်လောက် တွေးကြည့်ပါ။ လူတစ်ယောက်တည်းက လူဘီလီယံပေါင်းများစွာရဲ့ အချက်အလက်တွေ၊ လျို့ဝှက်ချက်တွေ၊ ဘဝတွေနဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ထိန်းချုပ်နိုင်တယ်။ ငါက ဒါကို Spectre ဆီ အကုန်ပေးထားတယ်။ အချက်အလက်တွေကို ထိန်းချုပ်နိုင်တဲ့သူတစ်ယောက်ဟာ အနာဂတ်ကိုလည်းထိန်းချုပ်နိုင်မယ်လို့ Spectre က ငါ့ကိုသင်ပေးခဲ့တယ်”

Spectre ဆိုတာကတော့ အနာဂတ်မှာ လူသားများကိုထိန်းချုပ်မယ့် AI ကို စိတ်ကူးယဉ်ရည်ညွှန်း ခေါ်ဆိုခြင်းပဲဖြစ်ပါတယ်။ မူရင်းဗီဒီယိုကိုတော့ အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။

http://tiny.cc/61fd8y

ဒီဗီဒီယိုရဲ့ အခြား copy တစ်ခုကိုတော့ Instagram မှာတင်ပြီး မကြာခင်မှာပဲ ဖြုတ်ချခံခဲ့ရပါတယ်။ ဒါပေမယ့် Original Video ဖြစ်တဲ့ Bill Poster ရဲ့ ဗီဒီယိုကတော့ အခုချိန်အထိကျန်ရှိနေသေးတာကို တွေ့ရပါတယ်။ ဒီဗီဒီယိုဟာ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Nancy Pelosi ကို လုပ်ချင်ရာလုပ်ထားတဲ့ deepfake ဗီဒီယိုကို Facebook က ဖြုတ်ချဖို့ ငြင်းဆိုခဲ့ပြီး မကြာခင်မှာထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Deepfake ဗီဒီယိုများဟာ အနာဂတ်မှာ အကောင်းအဆိုးဆိုတာထက် ဆိုးတဲ့ဘက်မှာ ပိုမိုအသုံးချနိုင်ဖို့ အလားအလာရှိပါတယ်။ မိမိရေးချင်ရာ ရေးလိုက်တဲ့စာများကို ဗီဒီယိုအတွင်းမှလူက အတုအစစ် ခွဲခြားမရနိုင်အောင်ကို ပြောဆိုပေးမှာဖြစ်ပါတယ်။ ဒါဟာ အခုလက်ရှိ ကျွန်တော်တို့ hotoshop များနဲ့ မဆီမဆိုင် နာမည်ကျော်ပုဂ္ဂိုလ်ပုံများကိုယူသုံးပြီး ဘယ်သူကဘယ်လိုပြောတယ်လို့ စိတ်ထင်ရာ လျှောက်ရေးတာထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားပါလိမ့်မယ်။

ဒီ ဗီဒီယိုတွေကိုအသုံးပြုပြီး နိုင်ငံခေါင်းဆောင်တွေစစ်ကြေညာတဲ့ဗီဒီယိုများ၊ ရန်စတဲ့ဗီဒီယိုတွေထွက်လာပြီး တစ်ဘက်ကလည်း ယုံကြည်သံသယပွားမယ်ဆိုရင်တော့ မတွေးရဲစရာပါ

အနာဂတ်မှာ ဒီ Deepfake ဗီဒီယိုများကို ထောက်လှမ်းနိုင်မယ့် အခြား AI များ ထွက်ပေါ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပေမယ့် အခုချိန်ထိ Photoshop နဲ့ ပြုလုပ်ထားတဲ့ ဓာတ်ပုံအတုများကို ကောင်းကောင်းထောက်လှမ်းနိုင်တဲ့ AI မပေါ်သေးဘူးဆိုတာကလည်း စဉ်းစားစရာတစ်ခုဖြစ်နေပါတယ်။ ဒီ ဗီဒီယိုတွေကိုအသုံးပြုပြီး နိုင်ငံခေါင်းဆောင်တွေစစ်ကြေညာတဲ့ဗီဒီယိုများ၊ ရန်စတဲ့ဗီဒီယိုတွေထွက်လာပြီး တစ်ဘက်ကလည်း ယုံကြည်သံသယပွားမယ်ဆိုရင်တော့ မတွေးရဲစရာပါပဲ။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top