မော်ရစ်ရှာကြက်တောင်ပြိုင်ပွဲမှာ ဖင်လန်နိုင်ငံသူကို အနိုင်ယူဗိုလ်စွဲခဲ့တဲ့ သက်ထားသူဇာ

64715556_2374876739436734_1123784579614769152_n.jpg

မြန်မာ့ကစားသမား သက်ထားသူဇာက မော်ရစ်ရှနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ FLEET Mauritius International 2019 Woman Single Semi-Final ပွဲမှာ အိန္ဒိယနိုင်ငံက Sai Uttejitha Rao CHUKKA ကို အနိုင်ရရှိခဲ့ပြီး နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဖိုင်နယ်ပွဲမှာ ဖင်လန်နိုင်ငံက Airi MIKKELA နဲ့ မနေ့က ယှဉ်ပြိုင်ဗိုလ်လုခဲ့တယ်လို့ သိရပါတယ်။

မနေ့က (၁၆.၆.၂၀၁၉) အဖေများနေ့မှာ ဖေဖေ့အတွက် လက်ဆောင်ဆိုပြီး ဖိုင်နယ်ပွဲမှာ ရရှိခဲ့တဲ့ ဆုဖလားကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ထားခဲ့ပြီး အားပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာ့ကစားသမား သက်ထားသူက ဖိုင်နယ်မှာ (SEEDED 5) ရထားသူ ဖင်လန်နိုင်ငံက ကစားသမား Airi MIKKELA ကို (၂၁-၁၀/ ၂၁-၁၉) နဲ့ နှစ်ပွဲ ပြတ် အနိုင်ရရှိ သွားပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ချန်ပီယံဆုများစွာရရှိထားတဲ့ သက်ထားသူဇာက ချန်ပီယံဆုကို နောက်တစ်ကြိမ် ဆွတ်ခူးပေးခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

Ref: Thet Htar Thuzar’s Facebook Page and နေမျိုးဦး’s facebook
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top