ခရီးဆောင်အိတ် ပြန်ရဖို့ လေကြောင်းလိုင်းဝက်ဘ်ဆိုက်ကို ထိုးဖောက်ခဲ့သူ

1-4-2022-yyl-08.jpg

အိန္ဒိယနိုင်ငံသားတစ်ဦးဟာ သူ့ရဲ့ခရီးဆောင်အိတ် ပြန်ရဖို့ လေကြောင်းလိုင်းဝက်ဘ်ဆိုက်ကို Hack ခဲ့ပါတယ်။ ၂၈ နှစ်သား နန်ဒန်ကူမာဟာ စရိတ်နည်း လေကြောင်းလိုင်း IndiGo ရဲ့ ခရီးစဉ်တစ်ခုမှာ တခြားခရီးသည်တစ်ယောက်နဲ့ အိတ်ချင်း မှားခဲ့တာပါ။ သူတို့ ၂ ယောက်ရဲ့အိတ်တွေက တထေရာတည်း တူနေလို့ အခုလို မှားခဲ့တာပါ။ အိတ်မှာ တွဲပေးထားတဲ့ ကတ်ပြားကြောင့် နန်ဒန်ကူမာက အိတ်ချင်းမှားယူသွားသူရဲ့အမည်ကို သိရပေမဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ လိပ်စာ သိရဖို့ လေကြောင်းလိုင်းထံ တောင်းတဲ့အခါ ပုဂ္ဂိုလ်ရေးနဲ့ ဒေတာကာကွယ်ရေးစည်းမျဉ်းတွေအရ ပေးခွင့်မရှိဘူးဆိုတဲ့ တုံ့ပြန်မှုသာ ရခဲ့ပါတယ်။

” အဲဒီသူကို ဆက်သွယ်လို့ရရင် ကျွန်တော့်ဆီ ဖုန်းပြန်ဆက်ပေးမယ်လို့ ပြောပေမဲ့ ဖုန်းလုံးဝမဆက်ခဲ့ဘူး” လို့ နန်ဒန်ကူမာက ပြောပါတယ်။ အဲဒီနောက်မှာ ကူမာက အိတ်ချင်းမှားသွားတဲ့ ခရီးသည်ရဲ့ အမည်မှတ်တမ်းကို သုံးပြီး သူ့ရဲ့အချက်အလက်တွေရအောင် IndiGo ဝက်ဘ်ဆိုက်မှာ ရှာဖွေခဲ့ပေမဲ့ ဘာတစ်ခုမျှ မတွေ့ခဲ့ပါဘူး။

ဒီလို အခက်အခဲ ကြုံနေရချိန်မှာ နန်ဒန်ကူမာရဲ့ ဆော့ဖ်ဝဲသမားဗီဇက ပါလာခဲ့ပါတယ်။ သူက IndiGo ဝက်ဘ်ဆိုက်ကို Hack ပြီး အိတ်မှားယူသွားသူကို ရှာဖွေခဲ့ပါတယ်။ ” ရိုးရိုးသားသားပြောရရင် ကျွန်တော်က ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလ်ကိုပဲ ရှာကြည့်ချင်တာပါ။ အဲဒါမှ ကျွန်တော့်အိတ် ပြန်ယူရအောင် သူ့ကို ဆက်သွယ်နိုင်မှာပေါ့” လို့ ကူမာက ဆိုပါတယ်။

IndiGo ဝက်ဘ်ဆိုက်ကို Hack ချိန်မှာ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ဘယ်သူမဆို ဝင်ကြည့်ခွင့်ရတာမျိုး ဖြစ်နေလို့ ကွန်ပျူတာစနစ်ရဲ့ဒေတာတွေကို ဝှက်စာခံထားသင့်တယ်လို့ နန်ဒန်ကူမာက ဆိုပါတယ်။ နန်ဒန်ကူမာက ဝက်ဘ်ဆိုကကို Hack ချိန်မှာ အိတ်မှားယူသွားသူရဲ့ ဖုန်းနံပါတ် ရသွားခဲ့လို့ ဖုန်းဆက်နိုင်ခဲ့ပြီး သူတို့ရဲ့အိတ်တွေကို ပြန်လဲခဲ့ကြပါတယ်။

” ခရီးသည်တစ်ယောက်ရဲ့ ဆက်သွယ်ရမယ့်အချက်အလက်တွေကို တခြားခရီးသည်ဆီ မပေးပါဘူးဆိုတဲ့ စည်းမျဉ်းကို စားသုံးသူစောင့်ရှောက်ရေးအဖွဲ့က လိုက်နာခဲ့တာပါ။ ဒါက ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာဒေတာ မူဝါဒနဲ့ အညီပါပဲ”လို့ IndiGo က ဆိုပါတယ်။ဒီဖြစ်ရပ်ကို အသေးစိတ်ပြန်လည်သုံးသပ်ခဲ့ရာမှာလည်း သူတို့ရဲ့ IT လုပ်ဆောင်ချက်တွေက လုံးဝကျစ်လျစ်တယ်လို့ ဆိုပါတယ်။

Ref: BBC “IndiGo: Man says he hacked airline website to find lost luggage”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top