ကျန်းမာရေး အကျိုးကျေးဇူးများတဲ့ အယ်မွန်စေ့ကို ဘယ်လိုလူတွေ မစားသင့်လဲ

23-7-2020-yyl-001.jpg

အစေ့အဆံစားပေးပါဆိုရင် အယ်မွန်စေ့ကို အများဆုံးစားဖြစ်ကြတယ်မလား။ ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတတ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်အီဓာတ်တွေပါဝင်တဲ့ ဒီအယ်မွန်စေ့က ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိပါတယ်။ အသားရေကို ထိန်းသိမ်းပေးတဲ့အပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါဖြစ်နိုင်ချေကိုလည်း လျော့ချပေးပြီး သွေးဖိအားကိုလည်း ထိန်းညှိပေးပါတယ်။

ဒါပေမဲ့ အခြားကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေလိုပဲ အယ်မွန်စေ့ကို အလွန်အကျွံစားသုံးမိမယ်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ဒီအချက်အပြင် ဘယ်လိုလူတွေက အယ်မွန်စေ့ကို မစားသင့်ဘူးလည်းဆိုတာ သိရဖို့အတွက် သတင်းဌာနတစ်ခုက ဒေါက်တာ ပရီရန်ကာ ရိုတာချီကို မေးမြန်းထားပါတယ်။ သူက အယ်မွန်စေ့စားသုံးတာကို ယာယီခဏရှောင်ထားသင့်တဲ့ လူတချို့ကို မျှဝေထားပါတယ်။

အာဟာရပညာရှင် ဒေါက်တာပရီရန်ကာက ဝမ်းသွားတဲ့သူ၊ သွေးဖိအားမငြိမ်တဲ့သူ၊ ပဋိဇီဝဆေးသောက်နေရတဲ့သူတွေက အယ်မွန်စေ့ကို တစ်နေ့တာ မစားသုံးခင် အာဟာရဗေဒပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်တယ်လို့ ဆိုပါတယ်။ အယ်မွန်စေ့က သင့်ကို သတ္တုဓာတ် (ဝ.၆) မီလီဂရမ်ထောက်ပံ့ပေးပါတယ်။ မဂ္ဂနီစီယမ်ကြွယ်တဲ့ အယ်မွန်စေ့ကို များများစားသုံးတာက သောက်သုံးနေကျ ဆေးအာနိသင်ပြောင်းသွားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သိရပါတယ်။

အစေ့အဆံနဲ့ဓာတ်မတည့်တဲ့သူ

အစေ့အဆံနဲ့ ဓာတ်မတည့်တဲ့သူတွေက အစေ့အဆံတွေစားပြီးတာနဲ့ အသက်ရှုရခက်ခဲတာ ဖြစ်လာနိုင်တဲ့အတွက် အယ်မွန်စေ့စားသုံးတာကိုလည်း ရှောင်သင့်ပါတယ်။ အဲဒီလိုလူတွေက အစေ့အဆံစားသုံးမယ်ဆိုရင် အနာဖလက်ဆစ် (anaphylaxis) လို့ခေါ်တဲ့ အသက်ဆုံးရှုံးရတဲ့ အထိဖြစ်စေနိုင်တဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်ပါတယ်။ ချက်ချင်းဆရာဝန်နဲ့ ပြသသင့်ပါတယ်။

မျိုချရတာ အခက်အခဲရှိတဲ့သူ

မျိုချရတဲ့ခက်တဲ့ ကလေးငယ်တွေနဲ့ တချို့လူကြီးတွေကလည်း အသက်ရှုကျပ်လာနိုင်ချေ ရှိနိုင်တဲ့အတွက် အစေ့အဆံတွေ စားသုံးတာရှောင်သင့်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ (Parkinson’s Diseas) ခံစားနေရတဲ့သူတွေက အသက်ရှုကျပ်တာ ပိုပြီးခံစားရနိုင်ချေရှိပါတယ်။

ဗီတာမင်အီ သောက်သုံးနေရတဲ့သူ

အယ်မွန်စေ့က ဗီတာမင်အီဓာတ်ပမာဏများစွာ ပါဝင်ပြီးသားဖြစ်ပါတယ်။ အယ်မွန်စေ့ (၂၈) ဂရမ်မှာ ဗီတာမင်အီ (၇.၄) မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာ လိုအပ်တဲ့ ဒီအာဟာရဓာတ်က (၁၅) မိုက်ခရိုဂရမ်ပါပဲ။ ဗီတာမင်အီဆေးနဲ့အတူ အယ်မွန်စေ့ကို စားသုံးတာက ဗီတာမင်အီဓာတ်လွန်ကဲတာ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင်အီဓာတ်လွန်ကဲရင် အားအင်ကုန်ခန်းတာ၊ အမြင်အာရုံဝေဝါးတာ၊ ခေါင်းကိုက်တာ၊ ဝမ်းလျှောတာ၊ ဝမ်းဖောဝမ်းရောင်ဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။

Ref: Are There People Who Should Not Eat Almonds?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top