မက္ကဆီကိုလက်ဝှေ့ကျော် ကာနယ်လိုအယ်ဗာရက်ဇ်ရဲ့ပြိုင်ဘက်အဖြစ် ကာလမ်စမစ် ရေပန်းစားနေ

hotsport03.jpg

ဗြိတိန်လက်ဝှေ့သမား ကာလမ်စမစ်က မက္ကဆီကိုလက်ဝှေ့ကျော် ကာနယ်လိုအယ်ဗာရက်ဇ်ရဲ့ ပြိုင်ဘက်ဖြစ်လာလိမ့်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့မေလမှာ ထိုးသတ်ဖို့ စီစဉ်ထားတဲ့ လက်ဝှေ့ပွဲ ပျက်ခဲ့ရတဲ့ ကာနယ်လိုအယ်ဗာရက်ဇ်ဟာ သူ့အတွက် ပြိုင်ဘက်ရလာဖို့ စိတ်အားထက်သန်နေပါတယ်။ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် ကာနယ်လိုအယ်ဗာရက်ဇ်နဲ့ ပွဲဖြစ်မြောက်မယ်ဆိုရင် ပေါင် ၄ သန်းပေးမယ်လို့ ကာလမ်စမစ်ကို ကမ်းလှမ်းထားပါတယ်။ ဒါပေမဲ့ စူပါမစ်ဒယ်ဝိတ်တန်းချန်ပီယံ ကာလစ်စမစ်ကတော့ ပေါင် ၅ သန်းလောက်ရမှ ထိုးမယ်လို့ တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ ကာလမ်စမစ်က ကာနယ်လိုအယ်ဗာရက်ဇ်ရဲ့ နံပါတ်(၁) ဦးစားပေး ရွေးချယ်မှုဖြစ်နေလို့ စာချုပ်ချုပ်ဆိုဖြစ်ဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ကာနယ်လိုအယ်ဗာရက်ဇ်ဟာ မေလ ၂ ရက်မှာ ဘီလီဂျိုးဆန်းဒါးစ်နဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစီအစဉ် အထမမြောက်ခဲ့ပါဘူး။ စက်တင်ဘာလ ၁၂ ရက်မှာ ပြန်ထိုးဖို့ စီစဉ်ချိန်မှာတော့ ဘီလီဂျိုးဆန်းဒါးစ်က ထိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကာနယ်လိုအယ်ဗာရက်ဇ်ရဲ့ ပွဲစဉ်တွေကို စာချုပ်ချုပ်ဆိုထားတဲ့ DAZN အွန်လိုင်းရုပ်သံကလည်း ကာနယ်လိုအယ်ဗာရက်ဇ်နဲ့ ကာလမ်စမစ်တို့ ပွဲဖြစ်မြောက်အောင် တွန်းအားပေးနေပါတယ်။ ကာနယ်လိုအယ်ဗာရက်ဇ်ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလက ၁၅၄ ပေါင်တန်းမှာ ကာလမ်စမစ်ရဲ့အစ်ကို လီယမ်စမစ်ကို အလဲထိုးအနိုင်ရခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top