(၇၅) နှစ်မြောက် တပ်မတော်နေ့အား ရိုးရာလေးမှ ဂုဏ်ပြုကြိုဆိုအပ်ပါကြောင်း

armay-day-2020-scaled.jpg

တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်တွင် တရားဝင်စစ်ကြေညာပြီး ဖက်ဆစ်ကို တော်လှန်ခဲ့သည်။ ထိုသို့ ဖက်ဆစ်တော်လှန်ရေးကိုဆင်နွှဲခဲ့သောနေ့ဖြစ်သည့် မတ်လ (၂၇) ရက်နေ့ကို ”တပ်မတော်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

နှစ်စဉ် ထိုနေ့ရောက်တိုင်း တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများကို နိုင်ငံတစ်ဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်မှာ ၂ဝ၂၀ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် (၇၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ တပ်မတော်သားများသည် သစ္စာ(၄)ချက်ကို ဦးထိပ်ပန်ဆင်ကာ တပ်မတော်အစဉ်အလာ (၁၂) ရပ်နှင့်အညီ ခေတ်အဆက်ဆက်တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက် ရှိကြပြီး ထိုသို့တာဝန်ထမ်းဆောင်ရာတွင်လည်း စစ်သည်တော်ကျင့်ဝတ် အပါး (၆ဝ) ကို ခါးဝတ်ပုဆိုး ကဲ့သို့ မြဲမြံစွာစောင့်ထိန်းလိုက်နာလျက် စစ်ဘက်ဥပဒေအပြင် နယ်ဘက်ဥပဒေများကိုပါ လိုက်နာစောင့်ထိန်းထမ်းဆောင်လျက် ရှိကြသည်။

ထို့ကြောင့် တပ်မတော်သားများ၏ စွန့်လွှတ်စွန့်စားအနစ်နာခံမှုများကို ပြည်သူများက ချီးကျူးဂုဏ်ပြု ကြပြီး တပ်မတော်သည် အနာဂတ်တွင်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်ရန် စွမ်းရည်ထက်မြက်သည့်တပ်မတော်အဖြစ် ရပ်တည်ကာ တိုင်းပြည်နှင့်လူမျိုးကို အစဉ်ကာကွယ်စောင့်ရှောက်သွားမည် ဟုမျှော်လင့်ကြပါသည်။

ထို့ပြင် တပ်မတော်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသော ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများအားလုံး ထာဝစဉ်ဦးထိပ်ပန်ဆင်ထားရှိရမည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ရန်အတွက် တာဝန်ကိုကျေပွန်စွာထမ်းဆောင်သွားမည်ဟု အခိုင်အမာ ယုံကြည်မိပါကြောင်း ၂ဝ၂၀ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုရေးသားအပ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top