တိုင်းရင်းသားများ၏ လူနေမှုဘဝပိုမိုတိုးတက်စေရေးအထောက်အကူပြုမည့် Vaseline Healing Project

54522573_835875130098393_8941587337167503360_n.jpg

မြန်မာနိုင်ငံ ဝေးလံခေါင်ဖျားဒေသများမှ တိုင်းရင်းသားများ၏ လူနေမှုဘဝ ပိုမိုမြင့်မားစေရေး အထောက်အကူပြုရန် ရည်ရွယ်ချက်ဖြင့် Unilever ၏ Vaseline Healing Project သည် ကယားပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်း အယောက် (၈၀) ကို အသားအရေကျန်းမာရေး ထိန်းသိမ်း စောင့်ရှောက်မှု ဆိုင်ရာသင်တန်းကိုပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို ဖရူဆိုမြို့နယ်အတွင်းရှိ ရွာပေါင်း (၁၁၆) ရွာတွင် ထောင်ပေါင်းများစွာသောမိသားစုများကို ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နေသည့် သူနာပြု၊ သားဖွားများနှင့် ကျန်းမာရေးဝန်ထမ်းများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Vaseline Healing Project သည် ကယားပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်း အယောက် (၈၀) ကို အသားအရေကျန်းမာရေး ထိန်းသိမ်း စောင့်ရှောက်မှု ဆိုင်ရာသင်တန်းကိုပေးအပ်ခဲ့သည်

Vaseline Healing Project ကို ကမ္ဘာလုံးဆိုင်ရာစီမံချက်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယနေ့ထိ နိုင်ငံပေါင်း ၆၁ နိုင်ငံတွင် လူဦးရေ ၂ ဒသမ ၅ သန်း တို့၏ အသားအရေကို ကုသပေးခဲ့ပြီးဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်အဖြစ် လာမည့် ၂၀၂၀ ခုနှစ်တွင် လူဦးရေ ၅ သန်း၏ အသားအရေကို ကုသပေးသွားမည်ဖြစ်ပြီး အသားအရေစောင့်ရှောက်မှု၊ ဆေးဝါးထောက်ပံ့မှုများ၊ Vaseline ထုတ်ကုန်ပစ္စည်းများလှူဒါန်းမှု နှင့် ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပို့ချပေးခြင်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် Vaseline Healing Project ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့သည်။ Vaseline အဖွဲ့သည် ထေခိုရွာနှင့် ဖရူဆိုမြို့နယ်သို့ (၃) ကြိမ် သွားရောက်ခဲ့ပြီး အဆိုပါဒေသတွင်နေထိုင်နေကြသော ကယောလူမျိုးများ၏ အသားအရေကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် လိုအပ်သည့် ကူညီပံ့ပိုးမှုများ၊ လှူဒါန်းမှုများနှင့် အသိပညာပေးသင်တန်းများကို ပြုလုပ်ခဲ့သည်။

ဖရှုဆိုမြို့နယ်သည် ကယားပြည်နယ် လွိုင်ကော်မြို့မှ ၁၈ မိုင်အကွာတွင် တည်ရှိပြီး ပြည်နယ်အတွင်းရှိ ရွာပေါင်း (၁၁၆) ရွာကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးစောင့်ရှောက်မှုဌာန (၂၁) ခု ၏ အခြေစိုက်ရာနေရာဖြစ်သည်။ ရာသီဥတုကြမ်းတမ်းသည့် ထိုဒေသတွင် နေထိုင်ကြသည့် ဒေသခံများသည် ကျန်းမာရေးဗဟုသုတနည်းပါးကြပြီး အသားပတ်ခြင်း၊ အသားအရေခြောက်သွေ့ အက်ကွဲခြင်းများကြောင့် မကြာခဏထိခိုက်ရှနာဖြစ်ခြင်းနှင့် အခြားသော အသားအရေပြဿနာများကို ကြုံတွေ့ရလေ့ရှိသည်။

ကယောလူမျိုးများ၏ အသားအရေကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် လိုအပ်သည့် ကူညီပံ့ပိုးမှုများ၊ လှူဒါန်းမှုများနှင့် အသိပညာပေးသင်တန်းများကို ပြုလုပ်ခဲ့သည်

အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးက “ ရန်ကုန်က အရေပြားအထူးကု ဆရာဝန်တစ်ယောက်အနေနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတွေကို ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ခက်ခဲပါတယ်။ Vaseline Healing Project နဲ့ အတူပူးပေါင်းဆောင်ရွက်ပြီး တိုင်းရင်းသားတွေအတွက် အရေပြားကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ခဲ့တယ်။ ကျန်းမာတဲ့အသားအရေရရှိပိုင်ဆိုင်ခြင်းက နေ့စဉ်ဘဝမှာ အကျိုးကျေးဇူးတွေ အများကြီးရရှိစေမယ်ဆိုတာ ယုံကြည်တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စတုတ္တအပတ်မှာ ဖရှုဆိုမြို့နယ်မှာရှိတဲ့ သူနာပြု၊ သားဖွားနဲ့ ကျန်းမာရေးဝန်ထမ်း အယောက်(၈၀)ကို အသားအရေကျန်းမာရေးစောင့်ရှောက်မှုသင်တန်းပေးအပ်ခဲ့တယ်။ ဒီသင်တန်းကရတဲ့ ဗဟုသုတတွေကို သူတို့ရွာတွေမှာ ပြန်အသုံးချမှာဆိုတော့ တကယ်ထိရောက်ပြီး အကျိုးရှိမှာပါ။ Vaseline Healing Project နဲ့ နောက်ထပ် လက်တွဲဆောင်ရွက်မှုတွေကနေ ဒေသခံတိုင်းရင်းသားတွေရဲ့ အသားအရေ ပိုမိုကျန်းမာလာအောင် ဆောင်ရွက်ပေးသွားဖို့ စိတ်ပိုင်းဖြတ်ထား ပါတယ်” ဟု ပြောကြားခဲ့သည်။

Vaseline Healing Project သည် “Vaseline တစ်ဗူးဝယ်ယူခြင်းဖြင့် Vaseline Jelly တစ်ဗူးလှူဒါန်းပေးခြင်း” အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိပြုလုပ်ခဲ့ပြီး ကယောလူမျိုးများအတွက် လှူဒါန်းမှုတွင် Vaseline ကို ဝယ်ယူသုံးစွဲကြသူများပါ ပါဝင်နိုင်စေရန် ဖိတ်ခေါ်ခဲ့သည်။ ရလဒ်အနေဖြင့် သုံးစွဲသူများ၏ ဝယ်ယူအားပေးမှုကြောင့် Vaseline Petroleum Jelly ဗူး (၃၀၀၀) လှူဒန်းနိုင်ခဲ့သည်။ အဆိုပါလှူဒါန်းမှုနှင့်အတူ Vaseline မှ ထပ်မံပြီး ဖရူဆိုမြို့နယ်ရှိ လူဦးရေပေါင်း (၃၀၀၀၀) ၏ အရေပြားကျန်းမာရေးကို ကုသပေးနိုင်မည့် အရေပြားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆေးဝါးများကို လှူဒန်းပေးအပ်ခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top