ယာဉ်မတော်တဆမှုမှာ မင်းသား အာနိုး စီးလာတဲ့ ကားက တခြားကား ၂ စီးရဲ့ ခေါင်မိုးပေါ် ရောက်သွား

20-2-2022-yyl8.jpg

လော့စ်အိန်ဂျလိစ်မြို့က ယာဉ်မတော်တဆမှုမှာ မင်းသားကြီး အာနိုး ပါဝင်ခဲ့ပြီး သူမောင်းလာတဲ့ကားက တခြားကား ၂ စီးရဲ့ ခေါင်မိုးပေါ် ရောက်သွားတဲ့ အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ မွန်းလွဲပိုင်းက လော့စ်အိန်ဂျလိစ်မြို့၊ ဘရန့်ဝုဒ်ရပ်ကွက် လမ်းဆုံမှာ ကား ၄ စီး ပါဝင်တဲ့ ယာဉ်မတော်တဆမှုဖြစ်ခဲ့တာပါ။

မီးနီပြထားတာကို ဖြတ်ပြီး ဂငယ်ကွေ့ ပြန်ချိုးတဲ့ အနီရောင် Prius ကားကို SUV ကားက ဖြတ်တိုက်မိတာပါ။ အခင်းဖြစ်ပွားချိန်မှာ အာနိုးက SUV ကားကို မောင်းနှင်လာခဲ့တာလို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီဖြစ်ရပ်မှာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေ မရှိပါဘူး။ အာနိုးကတော့ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ယာဉ်မတော်တဆမှုကို စုံစမ်းစစ်ဆေးနေပြီး ဘယ်သူ့ကိုမျှ ဖမ်းဆီးထိန်းသိမ်းခြင်း မရှိသေးပါဘူး။

Ref: BBC “Arnold Schwarzenegger involved in Los Angeles car crash”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply