ဇန်နဝါရီ ၂၂ ရက်နေ့ ကျင်းပပြုလုပ်ခဲ့တဲ့ မင်းသား ချွိုက်တေးဂျွန်နဲ့ မင်းသမီး ပတ်ရှင်ဟေးတို့ရဲ့ မင်္ဂလာပွဲအခမ်းအနား

20-2-2022-yyl12.png

နတ်ဖက်တဲ့စုံတွဲအလား ထင်မှတ်ရတဲ့ ကိုရီးယားမင်းသားချော ချွိုက်တေးဂျွန်နဲ့ မင်းသမီးချော ပတ်ရှင်ဟေးတို့ဟာ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်​နေ့မှာ ဆိုးလ်မြို့က ဘုရားကျောင်းတစ်ခုမှာ သီးသန့်မင်္ဂလာပွဲအခမ်းအနားကို ကျင်းပ​ပြုလုပ်ခဲ့ကြပါတယ်။

လူမှုကွန်ယက်ပေါ်မှာလည်း တေးဂျွန်နဲ့ ရှင်ဟေးတို့ရဲ့ မင်္ဂလာပွဲအခမ်းအနားကပုံတွေ ပျံ့နှံ့ခဲ့တဲ့အပြင် ကိုရိးယားနိုင်ငံရဲ့နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ Dispatch ကလည်း မင်္ဂလာအခမ်းအနားကပုံတွေကို ထုတ်ပြခဲ့ပါတယ်။

ဒီနေ့မှာ သူတို့စုံတွဲရဲ့ များပြားလှတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ဂုဏ်ပြုဖို့အတွက် မင်္ဂလာပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ တေးဂျွန်နဲ့ရှင်ဟေးတို့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ F.T. Island အဖွဲ့ဝင် ဟုန်ကီ (Hongki)၊ EXO အဖွဲ့ဝင် D.O၊ အဆိုတော် ခရက်ချ် (Crush)တို့ရဲ့ ဂုဏ်ပြုတင်ဆက်မှုတွေလည်း ရှိခဲ့ပါတယ်။

ဟုန်ကီက ပတ်ရှင်ဟေးနဲ့ အတူ ၂၀၀၉ ခုနစ်ရဲ့ “You are Beautiful” ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်ရင်း သူငယ်ချင်းတွေဖြစ်လာခဲ့တာပါ။ ဟုန်ကီနဲ့ တေးဂျွန်ကလည်း သူတို့ကလေးဘဝတုန်းက Magic Kid Masuri ကလေးရှိုးအစီအစဥ်မှာ အတူတူပါဝင်ခဲ့ကြပါတယ်။ ဂုဏ်ပြုသီချင်းအနေနဲ့ ဟုန်ကီက ပတ်ရှင်ဟေး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Heirs ဒရာမာရဲ့ ဇာတ်ဝင်သီချင်း ‘I’m Saying’ ကို သီဆိုပေးခဲ့ပါတယ်။

အဆို​​တော်ခရက်ချ်ကလည်း D.O နဲ့အတူ “Goblin”ဒရာမာရဲ့ ဇာတ်ဝင်သီချင်း ‘Beautiful Life’ ကို သီဆိုဂုဏ်ပြုပေးခဲ့ပါတယ်။ တေးဂျွန်ရဲ့နောက်ထပ်သူငယ်ချင်းဖြစ်တဲ့ Zico ကလည်း သူတို့စုံတွဲအတွက် ရေးသားထားတဲ့ စာတစ်စောင်ကို ဖတ်ပေးခဲ့ပါတယ်။

မင်္ဂလာပွဲကို လီမင်ဟို (Lee Min Ho)၊ အိုင်ယူ (IU)၊ ယူဂျွန်ယိုး (Ryu Joon Yeol)၊ AOA အဖွဲ့ဝင် ဆွန်းဟွန် (Seolhyun)၊ နမ်ဂုန်မင်း (Nam Goong Min)၊ လီဆိုဂျင်း (Lee Seo Jin)၊ လီဆယ်ယောင်း (Lee Se Young)၊ 2AM အဖွဲ့ဝင် Seulong၊ 2PM အဖွဲ့ဝင် ချန်ဆောင်၊ ကင်မ် ဘမ် (Kim Bum) အပါအဝင် အနုပညာရှင်ဧည့်သည်တချို့ မင်္ဂလာပွဲအခမ်းအနားကို တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

မင်္ဂလာပွဲအခမ်းအနားမစခင်မှာလည်း ပတ်ရှင်ဟေးရဲ့ SALT Entertainment အေဂျင်စီက သတို့သား၊ သတို့သမီးရဲ့ Pre Wedding ဓာတ်ပုံတွေကို ထုတ်ပြခဲ့ပါသေးတယ်။ Pre Wedding ဓာတ်ပုံတွေကိုလည်း မျှဝေပေးလိုက်ရပါတယ်။

Ref: Allkpop “Dispatch’ reveals photos from Park Shin Hye & Choi Tae Joon’s wedding ceremony + Hongki, Zico, D.O, & more put on congratulatory performances”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top