(၂) နှစ်ကြာ အချိန်ယူပြီး အိမ်တစ်အိမ်လုံးကို doodle တွေနဲ့ ခြယ်မှုန်းခဲ့တဲ့ ပန်းချီပညာရှင်

5-10-2022-yyl03.jpg

(၂) နှစ်ကြာ အချိန်ယူပြီး အိမ်တစ်အိမ်လုံးကို doodle တွေနဲ့ ခြယ်မှုန်းခဲ့တဲ့ ပန်းချီပညာရှင်

သရုပ်ဖော်ပန်းချီဆရာ ဆမ် ကို့ဇ် (Mr.Doodle လို့ လူသိများ)က ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးပန်းချီပညာရှင်တစ်ယောက်ပါ။ သူက ဆယ်ကျော်သက်အရွယ်ကတည်းက “Doodle” တွေနဲ့ အိမ်ကို ဖန်တီးဖို့ စိတ်ကူးယဉ်ခဲ့တာပါ။ ၂၀၂၀ ခုနှစ်မှာ အိပ်ခန်း (၆) ခန်းပါတဲ့ အိမ်ကို ဝယ်ယူခဲ့ပြီးနောက် သူ့ဇနီးဖြစ်သူနဲ့ အိမ်ရဲ့နေရာတိုင်းကို doodle တွေ ရေးဆွဲကြိုးစားခဲ့ပါတယ်။ (၂) နှစ်အကြာမှာတော့ သူ့ရဲ့အိမ်တစ်အိမ်လုံးက doodle တွေနဲ့ ပြည့်နေတဲ့ ပုံကြမ်းစာအုပ်တစ်အုပ်နဲ့တူသွားပါတယ်။

မီးဖိုခုံ၊ အိပ်ရာခင်းပါမကျန် အိမ်ထဲမှာရှိသမျှ အရာအားလုံးက doodle တွေနဲ့ပါပဲ။ သူ စီးတဲ့ကားမှာလည်း doodle တွေ ရေးဆွဲထားပါတယ်။ ဆမ်ရဲ့အဓိကလှုံ့ဆော်မှုက သူ ကလေးဘဝက ကစားခဲ့ဖူးတဲ့ ဗီဒီယိုဂိမ်းတွေ၊ ကြည့်ခဲ့ဖူးတဲ့ ကာတွန်းတွေဆီကရခဲ့တာပါ။

(၂) နှစ်ကြာ အချိန်ယူပြီး အိမ်တစ်အိမ်လုံးကို doodle တွေနဲ့ ခြယ်မှုန်းခဲ့တဲ့ ပန်းချီပညာရှင်

သူ အိမ်ဝယ်ခဲ့တဲ့အချိန်မှာ အရင်အိမ်ပိုင်ရှင်တွေက သူ့ကို အိမ်ပေါ်မှာ doodle တွေ ရေးမဆွဲစေချင်ခဲ့ဘူး။ သူတို့က “မင်း ဘာပဲလုပ်လုပ်ရတယ်။ ဒါပေမဲ့ doodle တော့မရေးဆွဲပါနဲ့”တဲ့။ ဆမ်က သူတို့ပြောတာကို နားမထောင်ခဲ့ဘူး။ အိမ်တစ်အိမ်လုံးကို doodle တွေ ရေးဆွဲခဲ့တဲ့ ပရောဂျက်က ဆမ်ရဲ့အရှည်ကြာဆုံးပရောဂျက်ပါပဲ။ ဆမ်က အတွင်းပိုင်းကို ဖန်တီးဖို့ အနက်ရောင် အက်ခရီလစ်ဆေးရည်၊ အရွယ်အစား (၄) မျိုးနဲ့ ဘင်ဂို Marker Pen ကို သုံးခဲ့ပါတယ်။ အိမ်အပြင်ဘက်ကို ဖန်တီးဖို့ကတော့ မှုတ်ဆေးကို အသုံးပြုခဲ့တာပါ။

(၂) နှစ်ကြာ အချိန်ယူပြီး အိမ်တစ်အိမ်လုံးကို doodle တွေနဲ့ ခြယ်မှုန်းခဲ့တဲ့ ပန်းချီပညာရှင်

အိမ်တစ်အိမ်လုံးနီးပါးကို လက်နဲ့ doodle ဆွဲခဲ့တာဖြစ်ပေမဲ့ တချို့ကိုတော့ ဒီဂျစ်တယ်နည်းနဲ့ ဖန်တီးခဲ့တာပါ။ အိမ်ရာခင်း၊ ခန်းစီး၊ တဘတ်တွေကတော့ ရေလျှော်လို့ရအောင် ပုံရိုက်နှိပ်ခဲ့တာပါ။ ၉၉ ရာခိုင်နှုန်းကတော့ လက်နဲ့ဆွဲထားတာဖြစ်ပါတယ်။ အဖြူဆေးရည် (၉၀၀) လီတာ၊ အနက်ရောင်မှုတ်ဆေးဘူး (၄၀၁) ဘူး (အပြင်ဘက်အတွက်)၊ အနက်ရောင်ပန်းချီဆေး (၂၈၆) ဘူး (အတွင်းဘက်အတွက်)၊ ပုံဆွဲဘောပင် အချောင်း (၂၂၉၆) ချောင်း အသုံးပြုခဲ့ရပါတယ်။ အိမ်တစ်အိမ်လုံးကို ဆမ်ကိုယ်တိုင် Doodle ရေးဆွဲဖန်တီးဖို့ ၂၀၂၀ ခုနှစ် စက်တင်ဘာကနေ ၂၀၂၂ ခုနှစ်စက်တင်ဘာလအထိ အချိန်ယူခဲ့ရပါတယ်။

Doodle House

ဆမ်က သူ့ဇနီးနဲ့အတူ Doodle House မှာပဲ တစ်သက်လုံးနေထိုင်ချင်နေပါတယ်။ အိမ်နီးနားချင်းတွေကလည်း သူ့အိမ်ပုံစံနဲ့ပတ်သက်ပြီး မကျေမနပ်မဖြစ်ကြပါဘူး။ တစ်စုံတစ်ယောက်က ငွေအများကြီးပေးပြီး အိမ်ကနေ ပြောင်းရွှေ့ဖို့ ဆွဲဆောင်ရင်တောင် ထွက်သွားမှာမဟုတ်ပါဘူး။ ဒါက သူ့ရဲ့ပထမဆုံးဖန်တီးမှုကြီးဖြစ်တဲ့အတွက် ဒီအိမ်ကနေ ထွက်သွားရရင်ဝမ်းနည်းရလိမ့်မယ်လို့ ဆမ်က ဆိုပါတယ်။

Ref: Upworthy “Artist spends two years covering every inch of his house in doodles: ‘The world is getting doodled'”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply