ဂျပန်နိုင်ငံပေါ်ကျော်ပြီး ဒုံးကျည်ပစ်လွှတ်တဲ့ မြောက်ကိုရီးယားရဲ့လုပ်ရပ်ကို အမေရိကန်နဲ့ တောင်ကိုရီးယား တုံ့ပြန်

3-10-2022-yyl49.jpg

ဂျပန်နိုင်ငံပေါ် ကျော်ဖြတ်ပြီး ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့လုပ်ရပ်ကို တုံ့ပြန်ခြင်းအားဖြင့် တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်က ဂျပန်ပင်လယ်ထဲကို ဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံပေါ် ကျော်ဖြတ်ပြီး ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ ဒါဟာ ရက်သတ္တပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ ၅ ကြိမ်မြောက် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်ပြီး အင်အားပြသတဲ့အနေနဲ့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့ပြီး အောက်တိုဘာလ ၅ ရက်မှာတော့ အမေရိကန်ထုတ် ဗျူဟာမြောက်ဒုံးကျည်စနစ်ရဲ့ ဒုံးကျည်တွေကို ဂျပန်နဲ့ ကိုရီးယားကျွန်းဆွယ်ကြားမှာရှိတဲ့ ဂျပန်ပင်လယ်ထဲ ပစ်လွှတ်ခဲ့တာပါ။

Ref: South Korea and US fire missiles into sea in response to North Korea

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top