ပွင့်ချပ်တွေနဲ့ ဖန်တီးထားတဲ့ နတ်သမီးပုံပြင်ထဲက ဝတ်စုံများ

2-1-2023-yyl-8.jpg

အသက် ၂၀ အရွယ် ဂျပန် ပန်းအနုပညာရှင် မိုမော့ဆုကီက ပန်းပွင့်ချပ်တွေကို အသုံးပြုပြီး နတ်သမီးပုံပြင်ထဲက ဝတ်စုံတွေ ဖန်တီးခဲ့တာပါ။ သူဟာ ကလေးဘဝကတည်းက ပန်းပင်စိုက်ပျိုးရတာကို ဝါသနာထုံခဲ့သူဖြစ်ပြီး ပန်းပင်စိုက်ပျိုးတဲ့ အတွေ့အကြုံ ၁၄ နှစ်ကျော် ရှိသူပါ။

သူဟာ ပေါင်ဒါပန်း၊ ၉ နာရီပန်း၊ နှင်းဆီပန်း၊ ဇော်မွှားပန်းတွေရဲ့ ပွင့်ချပ်တွေကို သုံးပြီး အလွန်လှပတဲ့ ဝတ်စုံတွေကို ဖန်တီးခဲ့တာပါ။ သူ့ဝတ်စုံ အမှတ်တံဆိပ်ကိုတော့ Fairy Dress လို့ အမည်ပေးထားပါတယ်။ ဝတ်စုံတွေ ဖန်တီးဖို့ အသုံးပြုတဲ့ ပွင့်ချပ်အများစုဟာ သူ့ရဲ့ ကိုယ်ပိုင်ဥယျာဉ်ထဲမှာ စိုက်ထားတဲ့ ပန်းပင်တွေကနေ ရယူတာဖြစ်ပါတယ်။

စိတ်ကျဝေဒနာ ခံစားခဲ့ရပြီးနောက် သူ့ဥယျာဉ်ထဲမှာ လမ်းလျှောက်နေတုန်း ပန်းတစ်ပွင့် ကြွေကျနေတာကို မြင်ပြီး မိုမော့ဆုကီက ပွင့်ချပ်ဝတ်စုံတွေ ဖန်တီးဖို့ အကြံရခဲ့တာပါ။ ၂၀၂၁ ခုနှစ် ဧပြီလမှာ ပထမဆုံး ပွင့်ချပ်ဝတ်စုံကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Ref: Artist Uses Real Flower Petals to Create Intricate Fairy Dresses

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top