၃၆၅ ရက်အတွင်း မာရသွန်ပွဲ ၃၆၅ ခု ပြေးပြီး ရန်ပုံငွေပေါင် ၁ သန်း ရှာဖွေခဲ့သူ

2-1-2023-yyl-13.jpg

၃၆၅ ရက်အတွင်း မာရသွန်ပွဲ ၃၆၅ ခု ပြေးပြီး ရန်ပုံငွေပေါင် ၁ သန်း ရှာဖွေခဲ့သူ

၂၀၂၂ ခုနှစ်ရဲ့ ၃၆၅ ရက်အတွင်း ဂယ်ရီမက်ကီးက မာရသွန်ပွဲ ၃၆၅ ပွဲ ပြေးခဲ့တယ်။ သူပြေးခဲ့တဲ့ အကွာအဝေးက ၉၅၆၃ မိုင် ရှိတယ်။ ဒါဟာ ဗြိတိန်နိုင်ငံကနေ သြစတြေလျးနိုင်ငံအထိ (၈၉၉၁ မိုင်) ပြေးတာထက်တောင် ပိုဝေးတဲ့ပမာဏပါ။

ဂယ်ရီမက်ကီးက အလုပ်အကိုင် မရှိသူမဟုတ်ဘဲ အချိန်ပြည့်အလုပ် လုပ်နေသူဖြစ်လို့ ပိုအံ့အားသင့်စရာပါပဲ။ သူဟာ Macmillan Cancer Support နဲ့ West Cumbria ဘိုးဘွားဂေဟာတို့အတွက် ရန်ပုံငွေ ပေါင် ၁ သန်း ရရှိစေချင်တဲ့ ရည်မှန်းချက်နဲ့ မာရသွန်ပြေးခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်အကုန်မှာတော့ သူ့ရည်မှန်းချက်လည်း ပြည့်ဝသွားခဲ့ပါပြီ။

Ref: Marathon man Gary McKee hits £1m goal after 365th run of 2022

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top