ဘီလ်ဂိတ်ဖောင်ဒေးရှင်းသို့ ဒေါ်လာ ၃.၁၇ ဘီလီယံ လှူဒါန်းခဲ့တဲ့ ဝါရင်ဘတ်ဖတ်

59648b672100003700fc6475.jpeg

ပြီးခဲ့တဲ့ တနင်္လာနေ့၊ ဇူလိုင်လ ၁၀ ရက်နေ့မှာ Berkshire Hathaway Inc ပိုင်ရှင် ဝါရင် ဘတ်ဖတ် (Warren Buffett) ဟာ သူ့ရဲ့  ငွေကြေး အမြောက်အများကို ဆယ်စုနှစ်တစ်ခု အတွင်းမှာ အများဆုံး လှူဒါန်းမှုတစ်ရပ်အဖြစ် ဒေါ်လာ ၃.၁၇ ဘီလီယံကို ဘီလ်နဲ့ မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ပါတယ်။ (3.7 ဘီလီယံ = 3,700,000,000)

ရင်းနှီးမြှပ်နှံမှုသူဌေးဖြစ်တဲ့ ဘတ်ဖတ်ဟာ သူ့ရဲ့ ၁၂ ကြိမ်မြောက် နှစ်ပတ်လည် လှူဒါန်းမှုအဖြစ် ရှယ်ယာတစ်ခုကို ဒေါ်လာ ၁၇၀.၂၅ တန်ဖိုးရှိတဲ့ Berkshire ကုမ္ပဏီရဲ့ ရှယ်ယာ ၁၈.၆၃ သန်းကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အသက် ၈၆ နှစ်ရှိနေပြီဖြစ်တဲ့ ဘတ်ဖတ်ဟာ ၂၀၀၆ ခုနှစ်ကတည်းက ပရဟိတအဖွဲ့  ၅ ဖွဲ့ခန့်ကို ဒေါ်လာ ဘီလီယံ ၂၇.၅၄ ခန့် လှူဒါန်းခဲ့ပြီး ဘီလ်ဂိတ်ရဲ့ ဖောင်ဒေးရှင်းတစ်ခုတည်းကို ဒေါ်လာ ၂၁.၉ ဘီလီယံ လှူဒါန်းခဲ့ပြီးပြီလို့ သိရပါတယ်။

ဒီလိုလှူဒါန်းခဲ့ပေမဲ့ ဘတ်ဖတ်ဟာ အမေရိကန်နိုင်ငံ အလယ်ပိုင်း နီဘာရာစကာ ပြည်နယ် (Nebraska)၊ အိုမာဟာမြို့ (Omaha) အခြေစိုက် Berkshire ကော်ပိုရေးရှင်းကြီးရဲ့ ရှယ်ယာ ၁၇ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်နေဆဲဖြစ်ပြီး ဘတ်ဖတ်ဟာ ပိုင်ဆိုင်မှုပေါင်း ၄၀ %ကို လှူဒါန်းပြီးခဲ့ပြီးပြီ လို့သိရပါတယ်။ ဂိတ်ဖောင်ဒေးရှင်းဟာ ကျန်းမာရေး၊ ဆင်းရဲမှုလျှော့ချခြင်းနဲ့ ပညာရေးတိုးတက်စေရန် လုပ်ငန်းများကို လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဂိတ်ဖောင်ဒေးရှင်းအပြင် ဘတ်ဖတ်ဟာ Susan Thompson Buffett Foundation နဲ့ သူ့ရဲ့သားသမီးတွေ တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့များကိုလည်း ငွေကြေး အနည်းငယ် လှူဒါန်းခဲ့ပါသေးတယ်။

ဒီလို တနင်္လာနေ့ လှူဒါန်းမှုအပြီးမှာ ဘတ်ဖတ်ဟာ ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေတယ်လို့ ဖော်ဘ့် မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ လှူဒါန်းမှုမတိုင်ခင်က ဘတ်ဖတ်ဟာ ပိုင်ဆိုင်မှု ဒေါ်လာ ရ၆.၃ ဘီလီယံနဲ့ ကမ္ဘာစတုတ္ထအချမ်းသာဆုံး ပုဂ္ဂိုလ်နေရာမှာရပ်တည်နေပြီး ဘီလ်ဂိတ်ကတော့ နံပါတ် ၁ နေရာက ရပ်တည်ခဲ့ပါတယ်။ ဘတ်ဖတ်ဟာ သူ့ရဲ့ပိုင်ဆိုင်မှုကို ပုံမှန်လျှော့ချလေ့ရှိပြီး တစ်နှစ်ကို ရှယ်ယာ ၅%  ခန့် လှူဒါန်းလေ့ရှိပါတယ်။

Ref : Reuters News : Buffett donates $3.17 billion to Gates charity, four others

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top