စက်ရုပ်ခြေတပ်ကိရိယာရဲ့ အကူအညီနဲ့ မာရသွန်အပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ အဘွားအို

yyl-020-6.jpg

ဗီယက်နမ်စစ်မှုထမ်းဟောင်း တာရီ ဟန်နီဂန် ဗီရာလိုင်း (Terry Hannigan Vereline) ဆိုတဲ့အဘွားဟာ ပြီးခဲ့တဲ့အပတ်က နယူးယောက်မြို့ရဲ့မာရသွန်ပြိုင်ပွဲမှာ သမိုင်းတင်နိုင်ခဲ့ပါတယ်။ အဲဒီအဘွားက ဒီပြိုင်ပွဲမှာ စက်ရုပ်ခြေတပ်ကိရိယာရဲ့အကူအညီနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြီး မာရသွန်ကို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ခဲ့တဲ့ ပထမဆုံး အကြောသေပြိုင်ပွဲဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူက (၃) ရက်တာကာလကျော်မှာ ၂၆.၂ မိုင်လုံးကို လမ်းလျှောက်ရင်းနဲ့ 2019 New York City Marathon ကို ပြီးမြောက်ခဲ့တာပါ။ “လက်မလျော့ပါနဲ့။ ကျွန်မ အကြောသေနေပေမဲ့ လုပ်နိုင်ပါသေးတယ်။ ဒါကိုလုပ်ဖို့ အခြားနည်းလမ်းကို ရှာနေရုံပါ” လို့ ဗီရာလိုင်းက ပြောပါတယ်။ သူက နောက်ဆုံးစည်းကို ဖြတ်ကျော်တဲ့အခါမှာ ပီတီဖြစ်သလိုခံစားခဲ့ရပါတယ်။ “ကျွန်မ လုပ်နိုင်မယ်လို့မထင်ခဲ့တဲ့အရာကို ကျွန်မလုပ်နေတာပါ” လို့ ဗီရာလိုင်းက ဆိုပါတယ်။ ဒီလိုအခွင့်အရေးကို မရခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့လည်း ပြောပါတယ်။

ဗီရာက လွန်ခဲ့တဲ့ (၅) နှစ်က ReWalk စက်ရုပ်ခြေတပ်ကိရိယာကို ရရှိခဲ့တာဖြစ်ပြီး မတ်တပ်ရပ်တဲ့အခါ ဟန်ချက်ညီအောင်ထိန်းနိုင်ဖို့အတွက် တစ်ပတ်ကို သုံးကြိမ်လောက် အချိန်အကြာကြီး လေ့ကျင့်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဘယ်သူရဲ့အကူအညီမှာမပါဘဲ သူကိုယ်တိုင် လမ်းလျှောက်ကြည့်ခဲ့ပါတယ်။ သူက စက်ရုပ်ခြေတုကို သူ့ခြေထောက်မှာ စတပ်တဲ့အခါမှာ ကြောက်ရွံ့မိခဲ့ပါတယ်။ ဒါပေမဲ့ သူခြေလှမ်းတွေလှမ်းနိုင်ပြီး မတ်တပ်ရပ်တာ၊ အခြားသူတွေကို ပွေ့ဖက်တာ၊ ထိတွေ့တာတွေလုပ်နိုင်ပြီဆိုပြီး ဝမ်းသာခဲ့ရပါတယ်။

ဗီရာလိုင်းက မသန်စွမ်းကလေးတွေအတွက် ရန်ပုံငွေအနေနဲ့ ကူညီပေးဖို့ GoFundMe မှာ ဒေါ်လာ၁၀၀,၀၀၀ မတည်လှူဒါန်းမယ်ဆိုတဲ့ ဆန္ဒလေးရှိနေပါတယ်။

Ref: CBSNews “Don’t give up”: Paralyzed veteran completes New York City Marathon using robotic exoskeleton

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top