ဟာရီကိန်းဘေးသင့်သူတွေကို ကိုယ်ကျိုးမငဲ့ဘဲ ကူညီပေးခဲ့တဲ့ အမျိုးသား Surprise ကြီးကြီးမားမားရခဲ့

1-10-2021yyl01.jpg

လူဝီစီယားနားပြည်နယ်က အထူးပညာရေးဆရာတစ်ဉီးလည်းဖြစ်၊ ကလေး (၅) ယောက်ဖခင်လည်းဖြစ်တဲ့ ဆမ်မြူရယ် မာမူ (Samuel Mamou) ဆိုသူက သူတို့မိသားစုလည်း အိုင်ဒါဟာရီကိန်းမုန်တိုင်းဒဏ်ကို ခံခဲ့ရပေမဲ့ သူ့ရဲ့အိမ်နီနားချင်းတွေကို အကျိုးအမြတ်မျှော်ကိုးခြင်းမရှိဘဲ ကူညီပေးခဲ့ပါတယ်။ သြဂုတ်က လူဝီစီးယားနားပြည်နယ်ကို ဖြတ်ကျော် တိုက်ခက်သွားတဲ့ အိုင်ဒါဟာရီကိန်းမုန်တိုင်းကြောင် မာမူရဲ့မွေးရပ်မြေမှာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်။ မာမူက မုန်တိုင်းဒဏ်ကြောင့် အိမ်တွေပျက်စီးခဲ့ရတဲ့ အိမ်နီးနားချင်းတွေကို New Wine ခရစ်ယာန်ဘုရားကျောင်းမှာ နေလို့ရအောင် ကူညီပေးခဲ့ပါတယ်။

မာမူကိုယ်တိုင်ကလည်း မုန်တိုင်းကြောင့် သူ့ရဲ့အိမ်ပျက်စီးသွားပေမဲ့ အိမ်အတွက် ဂရုမစိုက်ဘဲ သူ့ရဲ့အိမ်နီးနားချင်းတွေကို ရေဗူး၊ သန့်ရှင်းရေးသုံးပစ္စည်း၊ အစားအစာတွေ ဝေပေးခဲ့ပါတယ်။ ဒါတင်မကပါဘူး။ လိုအပ်တာမှန်သမျှကိုလည်း လုပ်ပေးခဲ့ပါတယ်။ မာမူရဲ့လုပ်ရပ်က စေတနာ့ဝန်ထမ်းတွေအပါအဝင် လူတော်တော်များများကို အတုယူစေခဲ့ပါတယ်။ အခြားသူတွေကို နေ့တိုင်းကူညီပေးနေတဲ့ မာမူကို စေတနာ့ဝန်ထမ်းဖြစ်တဲ့ လာတန်ယာ ယူဂျင်း (Latanya Eugene) က အခုလိုချီးမွှမ်းပြောဆိုထားပါတယ်။ “ကျွန်တော်ရဲ့အိမ်ပျက်စီးတာကို ဖြေရှင်းရဉီးမယ်၊ ကူညီပေးလို့မရသေးဘူးလို့ မာမူ လွယ်လွယ်ပြောလို့ရပါတယ်။ ဒါပေမဲ့ သူက အဲဒီလိုမဟုတ်ဘူး။ မနက်ဆိုင်း ၇ခွဲ ၈ နာရီလောက်ဆို ကူညီပေးဖို့ ရောက်လာပြီ။ ပစ္စည်းတွေပြင်ဆင်ပြီးနေပြီ။ လူတွေကိုလည်း ပြုံးပြတယ်”လို့ ဆိုပါတယ်။

နောက်ထပ်စေတနာ့ဝန်ထမ်းတစ်ဉီးကလည်း မာမူကို ခေတ်သစ်ဟီးရိုးလို့တောင် ခေါ်ပါတယ်။ မာမူရဲ့ဇနီးဖြစ်သူ ခရစ်တန် (Kristen) က သူ့ခင်ပွန်းဟာ အမြဲတမ်း အခြားသူတွေကို အရင်ဆုံးတွေးပူပေးတဲ့သူမျိုး။ လူတွေကို ကူညီရတတ်တဲ့သူမျိုးလို့ ဆိုပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့က အခုလိုကူညီပေးနေတဲ့ မာမူဟာ တန်ပြန်အကျိုးခံစားလိုက်ရပါတယ်။ ရပ်ကွက်က လူတွေစုဝေးပြီး မာမူကို ကျေးဇူးတင်စကားဆိုခဲ့ကြသလို ကုတင်နဲ့မွေ့ရာကုမ္ပဏီ Sheex ကလည်း မာမူရဲ့ပျက်စီးသွားတဲ့အိမ်ကို ပြန်လည်ဆောက်လုပ်ဖို့အတွက် ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်နဲ့ စပရိုက်လုပ်ခဲ့ပါတယ်။

Clorox ကုမ္ပဏီကလည်း မာမူနဲ့ ဘုရားကျောင်းကို ကူညီဖို့အတွက် ထောက်ပံ့ရေးပစ္စည်း ကုန်တင်ကား (၂) စီးနဲ့အပြည့်ရယ် ဒေါ်လာ ၂၀၀၀၀ ရယ်လှူဒါန်းခဲ့ပါတယ်။ “ကျွန်တော်တို့ ဒါတွေနဲ့ အများကြီး လုပ်လို့ရနိုင်ပါပြီ။ အရမ်းကျေးဇူးတင်ပါတယ်” လို့ မာမူက ပြောပါတယ်။

အမေရိကန်ဘောလုံးကစားသမားဟောင်း ဘန်ဂျမင် ဝက်ဆန် (Benjamin Watson) လည်း မာမူကို စပရိုက်လုပ်ဖို့အတွက် အဲဒီနေရာမှာ ရှိနေခဲ့ပါတယ်။ ဘန်ဂျမင်က New Orleans Saints of National Football League ရဲ့ ဘောလုံးသမား အယ်ဗင် ကာမာရာ (Alvin Kamara) လက်မှတ်ထိုးထားတဲ့ ဂျာစီဘောလုံးအင်္ကျီနဲ့ ဘောလုံးလက်မှတ်တွေကို ပေးခဲ့ပါတယ်။ ဂရမ်မီဆုရှင် အဆိုတော် တာရှာ ကို့ဘ် လီယိုနက် (Tasha Cobbs Leonard) လည်း မာမူကို စပရိုက်လုပ်တဲ့အချိန်မှာ ရှိနေခ့ပြီး “Gotta Believe” ဆိုတဲ့ သီချင်းကိုလည်း သီဆိုခဲ့ပါတယ်။

Ref: ABCNews “Father of 5 gets huge surprise for selfless acts of kindness in aftermath of Hurricane Ida”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top