အာဆီယံ သီချင်းဆိုပြိုင်ပွဲမှာ နီနီခင်ဇော် ဒုတိယဆု ရရှ်ိ

Nini4.jpg

အာဆီယံ နိုင်ငံပေါင်းစုံ အဆိုရှင်များလာရောက်ယှဉ်ပြိုင်ကြတဲ့ ASEAN+3 Song Contest ကို ဩဂုတ်လ 20 ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ ပြိုင်ပွဲကို Radio the Voice of Vietnam (VOV) က စီစဉ်တာဖြစ်ပြီး အာဆီယံဖွဲ့စည်းခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အနေနဲ့သာမက VOV တည်ထောင်ခဲ့တာ ၇၅ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံပေါင်းစုံ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင် အဆိုရှင်များ

အာဆီယံနိုင်ငံများမှ အဆိုရှင် ဆယ့်ခုနှစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဲ့ဒီ အထဲကမှ နောက်ဆုံး အဆင့် ပြိုင်ပွဲကိုတော့ အဆိုရှင် ဆယ်ဦး က ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဖိလစ်ပိုင် နိုင်ငံမှ ပထမဆုရရှိခဲ့ပြီး ဒုတိယဆုကိုတော့ မြန်မာနိုင်ငံမှ ရရှိခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာ မြန်မာနိုင်ငံ က ဆုနှစ်ခု ဆွတ်ခူးရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ အလံနှင့် အတူ တွေ့ရတဲ့ နီနီခင်ဇော်နဲ့ အောင်ထက်

“မျှော်လင့်ချက် တစ်စုံတစ်ရာ” ဆိုတဲ့ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်တဲ့ အဆိုတော် နီနီခင်ဇော်က ဒီပြိုင်ပွဲမှာ ဒုတိယဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဆောင်းဦးလှိုင်က ရေးသားခဲ့တဲ့ ဒီသီချင်းကို နီနီခင်ဇော်အနေနဲ့ ဂုဏ်ယူဖွယ် သီဆိုယှဉ်ပြိုင်ခဲ့ပြီး အခုလို ဒုတိယဆုကို ရရှိခဲ့တာပါ။ ဒါ့ပြင် အဆိုတော် အောင်ထက်ကလည်း စန္ဒယားဦးလှထွဋ် ရဲ့ “အချစ်ဘယ်ကစ” သီချင်းနဲ့ လူကြိုက်အများဆုံး အနုပညာရှင်ဆု (The Most Favourite Artist Award) ဆုကို ရရှိခဲ့ပါတယ်။

မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းကို သီဆို ယှဉ်ပြိုင်စဉ်

Ref: VOV5.VN: ASEAN+3 Song Contest closes
Photo Credit: Ni Ni Khin Zaw Facebook page
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top