ရိုးရာလေးအဖွဲ့သားများရဲ့အလှူဒါန

tt.jpg

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရိုးရာလေးအဖွဲ့သားတွေက အမှတ် (၃၀၀)၊ အမှတ် ၅ ရပ်ကွက်၊ သံသုမာလမ်း၊ တောင်ဥက္ကလာပမြို့နယ်က ဒေါက်တာထိန်အခမဲ့ဆေးကုခန်း (Dr. Htein Free Clinic) ရဲ့ အခမဲ့ကွန်ပျူတာသင်တန်းအတွက်အသုံးပြုနိုင်မယ့် iMac ကွန်ပျူတာ ၂ လုံး၊ System Unit ၄ လုံး၊ Keyboard ၉ ခု၊ Mouse ၅ ခုနဲ့ Speaker ၄ လုံး သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

Dr. Htein Free Clinic ဟာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိ တောင်ဥက္ကလာမှာ ဆေးခန်း ၂ ခု၊ မင်္ဂလာဒုံ၊ ပုလဲမြို့သစ်မှာ ဆေးခန်း ၁ ခု၊ တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးမှာ ဆေးခန်း ၁ ခု၊ လှည်းကူးမြို့နယ်၊ ဖားအောက်တောရတရာစခန်းမှာ ဆေးခန်း ၁ ခု စုစုပေါင်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ၅ ခု ဖွင့်လှစ်ထားပါတယ်။ ငွေကြေးချို့တဲ့အဆင်မပြေသူတွေကို နေ့စဉ်ကျန်းမာရေးစောင့်ရှောက်ကုသမှု (အခမဲ့) ပြုလုပ်ပေးနေပြီး နေ့စဉ်တိုင်း လူနာပေါင်း (၈၀) လောက်ကို ကျန်းမာရေးစစ်ဆေးကုသပေးနေတာ ဖြစ်ပါတယ်။

Dr.Htein Free Clinic ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ဆေးခန်း ၅ ခုကို နေ့စဉ် ပိတ်ရက်မရှိ အလှည့်ကျဖွင့်လှစ်ကုသပေးနေပြီး နေ့စဉ်လာရောက်ပြသတဲ့လူနာတွေအတွက်
လှူဒါန်းလိုသူတွေအနေနဲ့ တစ်နေ့တာဆေးဝါးဒါနအလှူ ၁၂၀,၀၀၀ ကျပ်ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top