ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအတွက် အက်တမ် (ATOM) မှ မြန်မာငွေကျပ် သန်းပေါင်း (၆၀) တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့

16.10.23-yyl-2.jpg

အက်တမ် (ATOM) က ပဲခူးတိုင်းဒေသကြီးတွင်ရှိသော ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် မြန်မာငွေကျပ် သန်းပေါင်း (၆၀) (ကိန်းဂဏန်းအားဖြင့် မြန်မာငွေ ၆၀,၀၀၀,၀၀၀ ကျပ်) လှူဒါန်းခဲ့သည်။ အက်တမ် (ATOM) ၏ အခြေခံစားသောက်ကုန်များ၊ ရေသန့်စင်ဆေးပြားများနှင့် ဓာတ်ဆားရည်များ အဓိကထား လှူဒါန်းမှုသည် ရေဘေးသင့်ဒေသများတွင်ရှိ အိမ်ထောင်စုပေါင်း (၂,၀၀၀) ခန့်ကို တိုက်ရိုက် အကျိုးပြုနိုင်မည်ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် မြန်မာနိုင်ငံတောင်ပိုင်းရှိ ပဲခူးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၈ ရက်နေ့၊ တနင်္ဂနွေနေ့တွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက်ကျော်လွန်ခဲ့သဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတွင်ရှိသော အကူအညီများဝေမျှပေးရန် စိတ်အားထက်သန်ကြသော အက်တမ် (ATOM) ဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လိုအပ်နေသူများထံသို့ ထောက်ပံ့ရေးပစ္စည်းများ လျင်မြန်ထိရောက်စွာ ပို့ဆောင်နိုင်ရန်အတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။

ယခုလို သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့နေရချိန်တွင် အက်တမ် (ATOM) က အသုံးပြုသူ customer များနှင့်အတူ တစ်ထောင့်တစ်နေရာမှ အတူရှိနေပြီး အကူအညီပေးနိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ်မှ အက်တမ် (ATOM) အသုံးပြုသူ customer များကို အက်တမ်အချင်းချင်း မိနစ် (၃၀) အခမဲ့ ဖုန်းပြောခွင့်နှင့် ဒေတာ (၂၅၀ MB) အခမဲ့ သုံးစွဲခွင့်များကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ (၅) ရက်တာကာလအတွင်း နေ့စဉ် ပေးအပ်သွားမည်ဖြစ်သည်။ ရေဘေးသင့်ဒေသများတွင်ရှိ ပြည်သူများအနေဖြင့် မိမိချစ်ခင်ရသူများနှင့် အတူရှိရန်၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အချိန်တွင် ကုန်းမြင့်ဒေသများသို့ ရွှေ့ပြောင်းနေထိုင်ကြပါရန်နှင့် သက်ဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ထားသည့် သတင်းအချက်အလက်နှင့် ညွှန်ကြားချက်များကို လိုက်နာကြပါရန် အက်တမ် (ATOM) က တိုက်တွန်းလိုက်ရပါသည်။

“ရေကြီးရေလျှံမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီးနဲ့ ဒေသခံပြည်သူတွေအတွက် ကျွန်တော်တို့ အက်တမ် (ATOM) က များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ ရေဘေးကြောင့် အိုးအိမ်စွန့်ခွာ ရွေ့ပြောင်းခဲ့ရတဲ့ ဒေသခံတွေနဲ့အတူ ကျွန်တော်တို့ တစ်သားတည်းရှိကြောင်း ပြောကြားလိုပါတယ်။ အခုလိုမျိုး အက်တမ် (ATOM) ရဲ့ ကူညီထောက်ပံ့ပေးမှုက ရေဘေးသင့်ပြည်သူတွေအတွက် ဒီလိုခက်ခဲနေချိန်မှာ အမှန်တစ်ကယ် အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က အခြေအနေတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း လိုအပ်သလို ဆက်လက်ပေးအပ်သွားဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်မှ ပြောကြားခဲ့ပါသည်။

အက်တမ် (ATOM) သည် တာဝန်သိလူမှုအကျိုးပြုအစီအစဉ် (Corporate Responsibility) ၏ အဓိက ဦးတည်ချက်တစ်ခုဖြစ်သော လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီရေး (Humanitarian Care & Assistance) ကို ယခုလိုလှူဒါန်းကူညီမှုနှင့် အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုဦးတည်ချက်အောက်တွင် ပြည်သူ့ကျန်းမာရေးနှင့်ပတ်သက်သော အရေးပေါ်အခြေအနေများ သို့မဟုတ် ကြိုတင်မခန့်မှန်းနိုင်သည့် ဖြစ်ရပ်များအပြင် အခက်အခဲကြုံတွေ့နေချိန်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်သွားနိုင်ရန်အတွက် အက်တမ် (ATOM) က အစဉ်အမြဲကြိုးပမ်းလျက်ရှိသည်။

ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် အက်တမ် (ATOM) က ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်ရှိ ရေဘေးသင့်ပြည်သူများကို လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ရန်အတွက် မြန်မာငွေကျပ် သန်းပေါင်း (၅၃.၈) သန်း လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းမှုတွင် အခြေခံစားသောက်ကုန်များ၊ ရေသန့်စင်ဆေးပြားများနှင့် ဓာတ်ဆားရည်များပါဝင်ပြီး ရေဘေးသင့်ဒေသများတွင်ရှိ အိမ်ထောင်စုပေါင်း (၂,၀၀၀) ခန့်ကို တိုက်ရိုက် အကျိုးပြုနိုင်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ မှ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တစ်နှစ်တာကာလတွင် အက်တမ် (ATOM) သည် တာဝန်သိ လူမှုအကျိုးပြုအစီအစဉ် (Corporate Responsibility) ၏ အဓိက ဦးတည်ချက်သုံးခုဖြစ်သော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း၊ လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း စသည့် ရည်ရွယ်ချက်များကို ဖော်ဆောင်ရန် မြန်မာငွေကျပ် (၁.၇) ဘီလီယံကို လူမှုအဖွဲ့အစည်းကူညီထောက်ပံ့မှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ခွဲဝေ လှူဒါန်းပေးခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top