TIME Magazine က ဖော်ပြသည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးတီထွင်ဖန်တီးမှု စာရင်းတွင် Galaxy Z Flip5 ပါဝင်

2.11.23-yyl-22.jpg

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး တီထွင်ဖန်တီးမှု ထုတ်ကုန်စာရင်းတွင် Samsung Galaxy Z Flip5 အား TIME Magazine မှ ထည့်သွင်းဖော်ပြခဲ့ပါသည်။

Galaxy Z Flip5 ၏ ဒီဇိုင်း၊ လုပ်ဆောင်ရည်၊ အသုံးပြုသူများနှင့် လိုက်လျောညီထွေ အသုံးဝင်မှု စသဖြင့် အဖက်ဖက်ကို ထောက်ရှု၍ ရွေးချယ်စာရင်းသွင်းခဲ့ကြခြင်းဖြစ်သည်။ Samsung အနေနှင့် ၄င်းကဲ့သို့ စာရင်းဝင်ခဲ့သည်မှာ ၃ နှစ်ဆက်တိုက်ရှိပြီဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် Galaxy Z Flip3 အတွက်တစ်ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် Galaxy S22 Ultra အတွက်တစ်ကြိမ်နှင့် ယခု ၂၀၂၃ ခုနှစ်တွင် Galaxy Z Flip5 အတွက် တစ်ကြိမ် စသဖြင့် နောက်ဆုံးပေါ် နည်းပညာမြင့် ထုတ်ကုန်များအတွက် အသိအမှတ်ပြု ခံခဲ့ရခြင်း ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top