ပထမဆုံးထီကံစမ်းတဲ့အခေါက်မှာပဲ ထီဆုကြီးပေါက်ခဲ့သူ

2.11.23-yyl-2.jpg

မီချီဂန်ပြည်နယ်က ရှလာ ကောဖင် ဆိုသူ အမျိုးသမီးဟာ အွန်လိုင်းကနေ Powerball ထီလက်မှတ်ကို ဝယ်ယူဖို့လုပ်ရင်းနဲ့ Lucky For Life ထီလက်မှတ်ကို မြင်ပြီး အဲဒီထီလက်မှတ် ၅ စောင်ကို ဝယ်ယူဖြစ်ခဲ့ပါတယ်။ ဒါဟာ သူရဲ့ ပထမဆုံးထီကံစမ်းမှုပါပဲ။ အဲဒီထီလက်မှတ်တွေကို ၁၀ ဒေါ်လာနဲ့ ဝယ်ယူခဲ့တာပါ။

နောက်တစ်နေ့ ပေါက်မဲနံပါတ်ကို တိုက်ကြည့်တော့ သူ ဝယ်ယူခဲ့တဲ့ ထီလက်မှတ်က ထီဆုကြီးပေါက်ခဲ့ပါတယ်။ သူ ပေါက်တဲ့ ထီဆုငွေ ဒေါ်လာ ၃၉၀၀၀၀ ကို မြင်ပြီး အော်မိကာ တုန်တုန်ယင်ယင်ဖြစ်ခဲ့တဲ့အပြင် ဝမ်းသာမျက်ရည်လည်းကျခဲ့ပါတယ်။ ဒီထီက နှစ် ၂၀ စာအတွက် တစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀ ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရှလာက နှစ်စဉ် ဒေါ်လာ ၂၅၀၀၀ မယူဘဲ တစ်လုံးတစ်ခဲတည်း ဒေါ်လာ ၃၉၀၀၀၀ ကို ယူဖို့ ရွေးချယ်ခဲ့ပါတယ်။

မကြာသေးခင်ကမှ သူက ထီရုံးချုပ်ကနေ ထီဆုငွေကို ထုတ်ပြီးသွားခဲ့ပါပြီ။ အဲဒီတုန်းက သူဟာ သူ့ရဲ့မိသားစုကို Disney ဆီ အားလပ်ရက်ခရီးခေါ်သွားမယ်၊ ပြီးရင် ဒီငွေတွေကိုလည်း ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ဒီငွေပမာဏက ကမ္ဘာကြီးကို ပြောင်းလဲဖို့ မလုံလောက်ပေမဲ့ သူ့ရဲ့ကမ္ဘာကြီးကို ပြောင်းလဲဖို့ လုံလောက်တယ်လို့ ရှလာက ဆိုပါတယ်။

Ref: Woman Wins $25,000 a Year for Life on First Try of Lottery Game: ‘It’s Enough Money to Change My World’

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top