၁၂ စက္ကန့်ကျော်အတွင်း ၂ လက်မ ဒေါက်မြင့်ဖိနပ်နဲ့ ၁၀၀ မီတာ ပြေးခဲ့တဲ့ စပိန်အမျိုးသား

26.6.2023-yyl-12.jpg

စပိန်နိုင်ငံက အသက် ၃၄ နှစ်အရွယ် ခရစ်ရှန် ရောဘတ်တို လိုပက်ဇ် ရိုဒရီဂူဇ်ဆိုသူအမျိုးသားတစ်ဦးက ၂.၇၆ လက်မမြင့်တဲ့ ဒေါက်ဖိနပ်ကို စီးပြီး ၁၂.၈၂ စက္ကန့်အတွင်း ၁၀၀ မီတာ ပြေးပြီးတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်က ၁၄.၀၂ စက္ကန့်အတွင်း ဒေါက်မြင့်ဖိနပ်နဲ့ ၁၀၀ မီတာပြေးခဲ့တဲ့ အန်ဒရီ အော့တို့ဖ်ရဲ့စံချိန်ကို ချိုးပစ်ခဲ့တာပါ။

စည်းမျဉ်းအရ ဒီစံချိန်ချိုးမယ့်သူက အနည်းဆုံး ၇ စင်တီမီတာ (၂.၇၆ လက်မ) အနည်းဆုံးရှိတဲ့ ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ရပါတယ်။ သူ့လို Type 1 ဆီးချိုရောဂါရှိတဲ့သူတွေက ဆီးချိုရောဂါမရှိတဲ့သူတွေထက် ပိုပြီးလုပ်နိုင်တယ်ဆိုတာကို ပြချင်လို့ ဒီစံချိန်ကို ချိုးဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ခရစ်ရှန်က ပြောပါတယ်။

ခရစ်ရှန်ဟာ နှာခေါင်းပေါ်က အရာဝတ္ထုကို အချိန်အကြာကြီး ဟန်ချက်ညီအောင်ထိန်းခြင်း (၂ နာရီ ၄၂ မိနစ်)၊ မေးစေ့ပေါ်က စက်ဘီးကို အချိန်အကြာကြီး ဟန်ချက်ညီအောင် ထိန်းခြင်း (၉ မိနစ် ၄၁ စက္ကန့်) အပါအဝင် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်း ၅၇ ခုကျော်ကိုလည်း ကိုင်ဆောင်ထားတာပါ။

Ref: Spanish Man Runs 100 Meters In 12.82 Seconds In High Heels, Creates World Record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top