စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း (၁၉-၆-၂၀၂၂ မှ ၂၅-၆-၂၀၂၂)ရက်နေ့အထိ

BayDinPSDFile-copy20-6.jpg

တနင်္ဂနွေ


ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အနေဖြင့်
ဆောက်လုပ်ရေးလုပ်ငန်း၊ဆောက်လုပ်ရေးနှင့်ပါတ်သက်သောလုပ်ငန်းများ၊ပြည်ပနှင့် စပ်တူလုပ်ကိုင်သော ဆောက်လုပ်ရေးနှင့်ဆိုင်သော လုပ်ငန်းများ ကံကောင်းပါသည်။ သို့သော် ရေလုပ်ငန်း၊ ရေသန့်နှင့် ရေခဲလုပ်ငန်း၊ ငါးလုပ်ငန်း များအနည်းငယ်ညံ့ပါသည်။
ကျန်းမာရေး။ ။ မျက်လုံးနှင့်ပါတ်သက်သော ရောဂါများ ယခုတစ်ပါတ်တွင် အထူးသတိထားရမည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် အနည်းငယ်ညံ့ပါသည်။ကြားလူသတိထားပါ။ အိမ်ထောင်ရေးအနေနှင့်လည်း ကြားလူကြောင့် သံသယ ဖြစ်နေရမည်။မိဘနှင့် အိမ်ခွဲနေထိုင်သင့်သောကာလဖြစ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် မိမိမထင်မှတ်သည့်သင်တန်းတက်ရလိမ့်မည်၊ နိုင်ငံခြားနှင့်ဆိုင်သော သင်တန်းဖြစ်နေမည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ရေကူးခြင်း၊ရေချိုးခြင်းများ သတိထားရမည့်အချိန်ဖြစ်ပါသည်။ နိုင်ငံဝန်ထမ်းများ မိမိတာဝန်ယူရသည့် ဌာနတွင်းမှာပင် နေရာပြောင်းရတတ်သည်။ ဌာနတွင်း စိတ်သောကရောက်စရာတစ်ခုကြုံရတတ်ပြီး ထိုကိစ္စသည် မိမိနှင့် ပါတ်သက်လာတတ်သဖြင့် သတိပြုပါ။

အကျိုးပေးဂဏန်းမှာ ။ ။၆။၇။ဝ
ယတြာ။ ။ ဘုရား၏ တနင်္ဂနွေထောင့်ရှိ ဘုရားတွင် ရေသက်စေ ပူဇော်ပါ။

တနင်္လာ


ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့
စားသောက်ဆိုင်၊စားသောက်ကုန် လုပ်ငန်းများ ကံကောင်းပါသည်။ ယခုရက်အတွင်း နိုင်ငံခြားအရက် စသည့် တန်ဖိုးကြီး စားသောက်ကုန် လုပ်ငန်းများအတွက် သတိထားလုပ်ကိုင်ပါ၊ နိုင်ငံခြားငွေလုပ်ကိုင်သူများ သတိထားရမည့်ကာလဖြစ်သည်။ ဘဏ်ချေးငွေနှင့် ပါတ်သက်ရင်တော့ ညံ့နေသဖြင့် သတိထားလုပ်ဆောင်သင့်ပါသည်။

ကျန်းမာရေး။ ။ ဦးခေါင်းနှင့် ပါတ်သက်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ အထူးသတိပြုရမှာကတော့ ဦးခေါင်းမတော်တဆ ထိခိုက်မိတတ်ပါတယ်။ ဆေးရုံဆေးခန်းရောက်တတ်လို့ သတိပြုပါ။ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးသတိထားရမည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့်အနည်းငယ်ကံပြန်ကောင်းလာပါပြီ။ စိတ်ကောက်တတ်သူကို ရတတ်ပါသည်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မည်။ ညင်းခုံရတတ်သည်။ ယာယီခရီးကြောင့် ယာယီခွဲနေရတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် နိုင်ငံခြားပညာသင်သွားရောက်ရတတ်သည်။ ထိုအတွက် သေချာပြင်ဆင်ပါ။ ပညာရေးကံကောင်းချိန်ဖြစ်ပါသည်။

အထွေထွေ။ ။ အစိုးရဝန်ထမ်းများ အလုပ်တွင် အသေးအမွှားကိစ္စမှ ကိစ္စကြီးသွားတတ်ပါသည်။သတိပြုရမည်။

အကျိုးပေးဂဏန်း – ၄ ၊ ၅ ၊ ၉။
ယတြာ– တနင်္လာနေ့တွင ငှက်ကလေးများကို တတ်နိုင်သလောက် အစာကြွေးပါ။

အင်္ဂါ


ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့
သစ်လုပ်ငန်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ပရိဘောဂ နှင့် ပြည်ပသို့ သစ်တင်ပို့ခြင်းများ ကံကောင်းပါသည်။ စားသောက်ကုန်လုပ်ငန်းများ အနည်းငယ် ရောင်းအားကျတတ်ပါတယ်၊ အစုစပ်လုပ်ငန်းများ သတိထားပါ။ ကားလုပ်ငန်းများအတွက် စိတ်သောကရောက်ရတတ်သည်၊ သတိပြုပါ။

ကျန်းမာရေး။ ။ ခါးနှင့် ပါတ်သက်သော ရောဂါ။ ကျောက်ကပ်ရောဂါများ ဆက်လက်သတိထားပါ။ အမျိုးသမီးများ သားအိမ်ရောဂါသတိပြုပါ။ ဆေးရုံတက်နေရသူဖြစ်ပါက သက်သာမည်၊ရောဂါရှာတွေ့ပြီး သေချာကုသနိုင်မည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် မိမိရည်ရွယ်ထားသူအား စိတ်ထိခိုက်အောင်မလုပ်ပါနှင့်။ အဖြေရရန် မလွယ်သေးပါ။ အိမ်ထောင်သည်များအနေဖြင့် သားသမီးကိစ္စသတိပြုပါ။

ပညာရေး။ ။ပညာရေးအနေနှင့် လက်မှု့ပညာတစ်ခုခုကို သေချာသင်ယူပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊စက် စတဲ့ပစ္စည်းတွေ ဝင်လာတတ်ပါတယ်။ ငွေကတော့ ကုန်နေမှာပါဘဲ။ အစိုးရဝန်ထမ်းများ အရေးကြီး စာရွက်စာတမ်း ပျောက်တတ်ပါတယ်။မီးလှန့်တတ်သေးသည်။

အကျိုးပေးဂဏန်း – ၃၊ ၄ ၊ ၈။
ယတြာ – အင်္ဂါနေ့တွင် အင်္ဂါနံဘုရားတွင် ဇီးယိုလှူပေးပါ။ လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူး


ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့်
ရွှေ၊ကျောက်မျက်ရတနာ (အထည်ကပ်ပြီး) ငွေ၊ ပန်းတိမ်လုပ်ငန်း၊ ရွှေနှင့်ပါတ်သက်သော လုပ်ငန်းများ၊ ရွှေဆိုင်နှင့် စိန်နှင့် ရွှေဖြူလုပ်ငန်းများ ကောင်းပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်းများ သတိပြုရမည်၊ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများ စာရွက်စာတမ်းကိစ္စတစ်ခုတွင် အာမခံရပါက နောင်တွင် တရားရုံးအထိရောက်ရတတ်သည်။

ကျန်းမာရေး။ ။ ကျောက်ကပ်ရောဂါခံစားနေရသူများ၊ ဆီးနှင့်ပါတ်သက်ပြီး ဆေးရုံ၊ဆေးခန်းပြနေရသူများ ဒီရက်ပိုင်း ရောဂါဖောက်ပြန်တတ်ပါသည်။အမျိုးသမီးများ ခါးနာခြင်း၊ဆီးပူခြင်း ဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်ပြီး နာလည်မှု့ပေးနိုင်သော ချစ်သူကို ဆက်လက်ပိုင်ဆိုင်ရမည်။ အိမ်ထောင်ရေးအနေနှင့် အေးစက်သော အိမ်ထောင်ရေး ဖြစ်နေတတ်ပါသည်။

ပညာရေး။ ။ပညာရေးအနေနှင့် ရာထူးစာမေးပွဲဖြေရမည်။သေချာကြိုးစားထားသင့်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ငွေကြေးကိစ္စအာမခံပါက တရားရုံးအထိ နောင်အခါ ဖြေရှင်းရတတ်သည်။ ဝန်ထမ်းများ စိတ်အနည်းငယ် ညစ်ရလိမ့်မည်။
ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် ဆီးရောဂါရတတ်ပါတယ်။ အချစ်ရေးတွင်လည်း အဖြေမရသေးခင် ပြတ်နေတတ်သဖြင့် ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် ရေလုပ်ငန်းကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊၆ ၊ ၈။
ယတြာ။ ။ ငါးသက်စေ့လွတ်ပေးပါ။

ကြာသပတေး


ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတက်
စီးပွားရေး။ ။ စိုက်ပျိုးရေး၊လယ်ယာထွက်ကုန်များ၊မြေသြဇာလုပ်ငန်း၊ လယ်ယာသုံးစက်ပစ္စည်းများ ရောင်း/ဝယ်သူများ ကံကောင်းပါသည်။ အစုစပ်လုပ်ငန်းအတွက် ရှယ်ယာရှင်များပြဿနာတက်တတ်သည်။

ကျန်းမာရေး။ ။ ဝမ်းဗိုက်နှင့်ဆိုင်သောရောဂါ အစာအိမ်နှင့် ဆီးနှင့်ဆိုင်သော ဆီသွားသည့်လမ်းကြောင်းတို့တွင် ရောဂါရတတ်သည်။ အစားအသောက်ကြောင့်ဖြစ်တတ်သဖြင့် သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံမကောင်းပါ။ ချစ်ရသောသူနှင့် အမြန်ဆုံးလက်ထပ်ပါ။ အိမ်ထောင်သည်များလည်း အလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး။ ။အလုပ်နှင့် သက်ဆိုင်သော သင်တန်းတစ်ခုခုကို လူကြီးတစ်ယောက်၏ စရိတ်ဖြင့် တက်ရမည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဘုရားတွင် ကုသိုလ်လုပ်ပါ။ ထီထိုးပါ။ ဝန်ထမ်းများလည်း အထက်လူကြီး မစပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၅ ၊ ၈ ၊ ဝ။
ယတြာ – ကြာသာပတေးနေ့တွင် ရေသန့်ဗူးလှူပါ။

သောကြာ


ယခုအပတ်အတွင်း သောကြာသားသမီးတို့သည်
စီးပွားရေး။ ။ အလှကုန်လုပ်ငန်း၊ ကြေညာလုပ်ငန်း၊ ပန်းတိမ် အစရှိသည့် ပန်း(၁၀) မျိုးလုပ်ငန်းများ။လက်မှု့အနုပညာလုပ်ငန်းများ ကောင်းပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း ညံ့ပြီး အလုပ်သမား ပြသနာပေါ်တတ်သည်။

ကျန်းမာရေး။ ။ခြေထောက်တွင် ဖြစ်တတ်သည့် ရောဂါများ၊ အရိုးကျီးပေါင်းတက်ခြင်းများ ခံစားရမည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း ကြားလူကြောင့် ပြသနာတက်မည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်သည်။ စိတ်ပူရန်မရှိပါ။

ပညာရေး။ ။ပညာရေးအနေနှင့် နိုင်ငံခြားဘာသာတစ်ခုခုကိုလေ့လာပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ငွေကြေးနှင့်ပါတ်သက်သော စာချုပ်များတွင် တာဝန်ခံလက်မှတ်ထိုးမိပါက ပြသနာတက်မည်။ ဝန်ထမ်းများလည်း တာဝန်ခံလက်မှတ်ထိုးမှားပြီး စစ်ဆေးခံရနိုင်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၆ ၊ ၉။
ယတြာ – သောကြာနေ့တွင် ငှက်များလွတ်ပေးပါ။ လိုရာဆုတောင်းပါ။

စနေ


ယခုအပတ်အတွင်း စနေသားသမီးတို့သည်
စီးပွားရေး။ ။ ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်နှင့် ကြောညာလုပ်ငန်း။ပုံနိပ်စက်နှင့် ရုပ်ရှင်လုပ်ငန်းများ ကောင်းပါသည်။ ငွေကြေးကြပ်တည်မည် ချေးငှါးရပါက ပြန်မဆပ်နိုင်ဖြစ်တတ်သဖြင့် သတိထားပါ။

ကျန်းမာရေး။ ။ အမျိုးသား ဆီးရောဂါ။ အမျိုးသမီး သားအိမ်ရောဂါနှင့် ကလေးသူငယ်များ ရာသီပေါ်ရောဂါ ဖြစ်တတ်သည်။ ရေချိုးမှားတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံညံ့သွားပါသည်။ ချစ်သူတို့ အိမ်ထောင်ပြုရန် အဆင်မပြေဖြစ်တော့မည်။ အိမ်ထောင်သည်များ အနေဝေးနေပါက ယခုတစ်ပါတ်တွင် အဆက်အသွယ် ပြတ်နေတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် ဌာနတွင်း သင်တန်းတက်ရမည်။
အထွေထွေ။ ။ ဝန်ထမ်းများ ထက်အောက်ဆက်ဆံရေး အခြေအနေမကောင်းဖြစ်မည်၊ အလုပ်ဝန်ပိနေတတ်သည်။ မိမိတာဝန်နှင့်မဆိုင်သည့် လုပ်ငန်းများကြောင့် စိတ်ညစ်ရတတ်သည်။

အကျိုးပေးဂဏန်း – ၃။၅။၉ ၊
ယတြာ – စနေနေ့တွင် ထီးအနီတစ်လက် ဘုရားတွင် လှူပါ။

Team ( ရိုးရာလေး )

KimKaThu
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top