အောက်ခြေသိမ်းဝန်ထမ်းကို ကူညီပြီး ထိုင်ခုံဝိုင်းသယ်ပေးခဲ့တဲ့ ဘက်ခမ်း

20-6-2022-yyl02.jpg

ကမ္ဘာကျော်တစ်ယောက် ဖြစ်ပေမဲ့ ပလွှားမှုမရှိဘဲ အောက်ခြေသိမ်းဝန်ထမ်းထိုင်ခုံရွှေ့ပေးနေတာကအစ ဝိုင်းဝန်းကူညီပေးခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အပြုအမူကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရတယ်လို့ စင်ကာပူနိုင်ငံသူ DJ ရာဆစ်က ပြောပါတယ်။အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဇွန်လ ၁၇ ရက်က စင်ကာပူနိုင်ငံကို ရောက်ရှိလာပြီး Adidas က စီစဉ်ကျင်းပတဲ့ စကားဝိုင်းမှာ (We Got This Talk Show 2.0) ပါဝင်ခဲ့ပါတယ်။

” စတိတ်စင် ရှင်းနေတဲ့အချိန်မှာ ဝန်ထမ်းတစ်ယောက်က ထိုင်ခုံတွေ ရွှေ့နေတာကို ဘက်ခမ်း တွေ့သွားတယ်။ ဘက်ခမ်း ထွက်သွားလို့ ကျွန်မ လှည့်ကြည့်လိုက်တော့ ဝန်ထမ်းနဲ့အတူ ထိုင်ခုံတွေ ဝိုင်းသယ်ပေးနေတာ တွေ့လိုက်ရတယ်” လို့ ရာဆစ်က အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

Adidas ရဲ့ စကားဝိုင်း အစီအစဉ်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံနှုတ်ဆက်ဖို့ စီစဉ်ထားခြင်းမရှိပေမဲ့ ဘက်ခမ်းက အခန်းထဲမှာရှိနေသူအားလုံးနဲ့ ဓာတ်ပုံရိုက်ပြီး လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းက ပရိသတ်တွေကို တွေ့ဆုံနှုတ်ဆက်ဖို့ အစီအစဉ်မရှိလို့ စတိုးဆိုင် ပြင်ပမှာ လာရောက်စုဝေးခြင်း မပြုဖို့ Adidas Singapore က သူတို့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပေမဲ့ ဒေးဗစ်ဘက်ခမ်းကို တွေ့ချင်သူ အနည်းဆုံး ၂၅၀ လောက် လာရောက်စောင့်ဆိုင်းနေခဲ့ကြပါတယ်။ စကားဝိုင်းအပြီးမှာ ဘက်ခမ်းက စတိုးအပြင်ဘက်ကို ထွက်ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့သလို အားပေးမှုအတွက် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

Ref: David Beckham helped staff move furniture after event: Jade Rasif

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top