နည်းပြ ဆီမြွန်နီ ကို စာချုပ်သက်တမ်းထပ်တိုးဖို့ ကမ်းလှမ်းလိုက်တဲ့အက်သလက်တီကို

20-1-2021-yyl-05.jpg

စပိန်လာလီဂါကလပ် အက်သလက်တီကို အသင်းဟာ နည်းပြဖြစ်သူ ဒီယေဂို ဆီမြွန်နီ ကို ၂၀၂၄ အထိစာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ အာဂျင်တီးနားနိုင်ငံသား ဆီမြွန်နီ ဟာ ဆယ်စုနှစ်တစ်ခုနီးပါးကြာအောင် အက်သလက်တီကို အသင်းကို နည်းပြလုပ်လာခဲ့သူဖြစ်ပါတယ်။

သူနည်းပြခဲ့တဲ့ ကာလအတွင်း အက်သလက်တီကို အသင်းကို ဆုဖလား အောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပါတယ်။ ယခုရာသီမှာလည်း စပိိန်လာလီဂါ အမှတ်ပေးဇယားမှာ မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ် ကို ၄ မှတ်ဖြတ်ကာ အဆင့် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။ ကစားဖို့ကျန်ရှိနေတဲ့ ပွဲ ၂ ပွဲကိုသာ အနိုင်ကစားနိုင်ခဲ့ပါက ၁၀ မှတ်အထိ ဖြတ်ကာ အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဆီမြွန်နီ ဟာ လက်ရှိဘောလုံးနည်းပြတွေထဲမှာ လစာငွေအများဆုံး ရရှိနေသူဖြစ်ပါတယ်။ သူဟာ တစ်နှစ်ကို စတာလင် ပေါင် ၂၈ သန်းအထိ ရရှိနေပြီး ဆုဖလားအောင်မြင်မှုရရှိခဲ့ရင်လည်း အပိုဆုကြေးတွေထပ်မံရရှိအုံးမှာဖြစ်ပါတယ်။

စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခံရတာနဲ့ပက်သက်ပြီး သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်းမှုကို ဆီမြွန်နီ က “ ဘောလုံးလောကမှာ အဖြစ်အပျက်တွေက အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ ၊ ဖြစ်နိုင်ချေရှိတဲ့ အရာမှန်သမျှကို လက်ခံတတ်အောင် လုပ်ရမှာပါ ၊ ကျွန်တော် ဒီအသင်းမှာ ရှိနေရတာ အရမ်းကို ကျေနပ်ပျော်ရွှင်ပါတယ် ၊ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်သာ အဓိကဖြစ်ပါတယ် “ လို့ ဖြေကြားခဲ့ပါတယ်။

တကယ်လို့ စာချုပ်သစ်ထပ်ချုပ်ခဲ့ရင် ဆီမြွန်နီ ဟာ လက်ရှိရနေတဲ့ လစာထက် လျော့ပြီးယူသွားမယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ဘောလုံးကလပ်တွေ ငွေသန်းပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့တာကြောင့် ဆီမြွန်နီ ဟာ အသင်းကို ငဲ့ကွက်ကာ လစာလျှော့ယူဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်။

ဆီမြွန်နီ ဟာ အက်သလက်တီကို အသင်းကို ၁၀ နှစ်အတွင်း ပွဲပေါင်း ၅၀၀ ကျော် နည်းပြခဲ့ပြီး အောင်မြင်မှုအဖြစ် စပိန်လာလီဂါဖလား ၊ ကိုပါဒယ်ရေးဖလား ၊ ယူရိုပါလိဂ်ဖလား ( ၂ ကြိမ် ) ၊ UEFA စူပါဖလား ( ၂ ကြိမ် ) စတဲ့ အောင်မြင်မှုတွေ ရယူပေးထားခဲ့ပါတယ်။

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top