ဘွန်ဒက်စ်လီဂါဖလားကို ဘိုင်ယန်မြူးနစ်အသင်း ၈ နှစ်ဆက် ဗိုလ်စွဲ

17-6-2020-yyl-015.jpg

ဝါဒါဘရီမင်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒက်စ်လီဂါဖလားကို ၈ နှစ်ဆက်တိုက် ဆွတ်ခူးသွားခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ပွဲစဉ်(၁၁)ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲစဉ်(၃)ပွဲ ကစားဖို့ ကျန်နေသေးတဲ့ ဒေါ့မွန်အသင်းကို (၁၀)မှတ် ဖြတ်နိုင်ခဲ့လို့ ရာသီမသိမ်းခင်မှာပဲ ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးသွားခဲ့တာပါ။ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဝါဒါဘရီမင်အသင်းက ဒီပွဲမှာ အသည်းအသန် အားထုတ်ခဲ့လို့ ဘိုင်ယန်မြူးနစ်အသင်း ကစားရခက်ခဲ့ပြီး ပွဲချိန် (၄၃)မိနစ်မှာ ဂျရုန်းဘိုတန်ရဲ့ ဖန်တီးမှုကနေ လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးဖြစ်စေမယ့်ဂိုးကို သွင်းယူခဲ့တာပါ။

လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အတွက် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၁၀)ပွဲအနက် ၉ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့သူဖြစ်ပြီး ဒီရာသီမှာ ဘွန်ဒက်စ်လီဂါသွင်းဂိုး ၃၁ ဂိုး သွင်းယူထားပါတယ်။ လီဝမ်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ပြည်ပကစားသမားအဖြစ် စံချိန်တင်ခဲ့သူ အူဘာမီယန်းရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပါပြီ။ အူဘာမီယန်းဟာ ၂၀၁၆-၂၀၁၇ ရာသီက ဒေါ့မွန်အတွက် ကစားပေးချိန်မှာ တစ်ရာသီအတွင်း ၃၁ ဂိုး သွင်းယူနိုင်ခဲ့သူပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top