ဆဲလ်‌‌အစီအစဉ်‌‌ပြောင်းနည်းနဲ့ မျက်ကြည်လွှာအသစ်ဖန်တီးပြီး အစားထိုးကုသမှု အောင်မြင်

yyl099005.jpg

ဂျပန်မျက်စိအထူးကုသမား‌တော်‌တွေဟာ ဆဲလ်ပြုပြင်တဲ့နည်းနဲ့ဖန်တီးထားတဲ့မျက်ကြည်လွှာအသစ်ကို အမျိုးသမီးတစ်ဦးအတွက် အစားထိုးကုသမှုပြုလုပ်‌ပေးခဲ့ရာမှာ ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ်နဲ့ အောင်မြင်သွားခဲ့‌ပါတယ်။

မျက်လုံးကို အပေါ်ယံကဖုံးကာ‌ပေးထားတဲ့အလွှာ (မျက်ကြည်လွှာ) ဆုံးရှူံးရင် အမြင်‌‌အာရုံ‌ဝေဝါးလာ‌ပြီး လုံးဝမျက်စိကွယ်သွားတဲ့အထိဖြစ်‌နိုင်တယ် လို့ အိုဆာကာတက္ကသိုလ်ကမျက်စိအထူးကုသမားတော် ဒေါက်တာ ခိုဂျီ နီရှီဒါက ‌ပြောပါတယ်။

ဒေါက်တာ နီရှီဒါဦး‌ဆောင်တဲ့မျက်စိခွဲစိတ်ဆရာဝန်အဖွဲ့ဟာ အဆင့်မြှင့်ထားတဲ့ stem ဆဲလ် (၊iPS) ‌တွေကို မျက်ကြည်လွှာဆဲလ်တွေဖြစ်‌လာ‌အောင်‌ပြောင်းလဲပြီး မျက်ကြည်လွှာအသစ်တစ်ခုကိုဖန်တီးနိုင်ခဲ့ကြတာပါ။ အဲဒီ iPS stem ဆဲလ်‌တွေက အ‌ရေပြားဆဲလ်‌တွေရဲ့အစီအစဉ်ကို ‌ပြောင်းလဲ‌နေရာချပြီး မျက်ကြည်လွှာဆဲလ်‌‌ဖြစ်‌လာ‌အောင် ပြုပြင်ထားတာဖြစ်ပါတယ်။

အစားထိုးကုသပေးပြီး‌နေယက် တစ်လကြာပြီးချိန်မှာ‌တော့ အမျိုးသမီးရဲ့မျက်ကြည်လွှာသစ်က ကြည်လင်‌နေပြီး အမြင်အာရုံတိုးတက်‌ကောင်းမွန်လာခဲ့တာကို‌တွေ့ရပါတယ်။

လက်ရှိတော့ ဂျပန်နိုင်ငံမှာ မျက်ကြည်လွှာပျက်စီးထိခိုက်ပျက်စီးမှုတွေအတွက် သေဆုံးသူတွေလှူဒါန်းထားတဲ့ အရေပြားတစ်ရှုးကိုသုံးပြီး အစားထိုးကုသပေးနေပါပြီ။ အရေပြားတစ်ရှုးရဖို့အတွက် အချိန်ကြာကြာစောင့်ရတာမျိုးလည်း မရှိ‌ပါဘူး။

ဒီအစားထိုးကုသနည်းကို ကျိုတိုတက္ကသိုလ်က ဂျပန်လူမျိုး stem ဆဲလ် ဇီဝဗေဒပညာရှင် ရှင်ယာ ယာမာနာကာ ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီတွေ့ရှိမှုက သူ့ကို နိုဘယ်လ်ဆုရှင်ဖြစ်စေခဲ့ပါတယ်။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top