မက္ကဆီနိုင်ငံရဲ့ နာမည်ကျော်ကယ်ဆယ်ရေးခွေး တာဝန်မှအနားယူ

65626533_2451199058244333_1670676238726856704_n.jpg

မက္ကဆီနိုင်ငံရဲ့ နာမည်ကျော်ကယ်ဆယ်ရေးခွေးမလေးဟာ တာဝန်ကနေအနားယူသွားခဲ့ပါပြီ။ Golden Labrador မျိုးနွယ်ဝင်ခွေးမလေး ဖရီဒါကို ဂုဏ်ပြုဖို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ မက္ကဆီကိုရေတပ်ရဲ့ ခွေးတပ်ဖွဲ့က ဂုဏ်ပြုပွဲ ကျင်းပခဲ့ပါတယ်။ ဖရီဒါဟာ မက္ကဆီကို၊ ဟေတီ၊ ဂွာတီမာလာနဲ့ အီကွေဒေါနိုင်ငံတစ်ဝန်းက ကယ်ဆယ်ရေးလုပ်ငန်း (၅၃) ခုမှာ ပါဝင်ခဲ့ပါတယ်။

ဖရီဒါက လူ (၁၂) ယောက်ကို အသက်ကယ်တင်နိုင်ခဲ့ပြီး ရုပ်အလောင်း (၄၀) ကျော် ရှာဖွေနိုင်ခဲ့တယ်လို့ ရေတပ်ကမှတ်တမ်းတင်ထားပါတယ်။ ”ဖရီဒါရဲ့ဟောင်သံက အမြဲတမ်းမျှော်လင့်ချက်ရှိစေတယ်။ နာကျင်ခံစားရပြီး မသေချာမရေရာဖြစ်နေတဲ့အချိန်မှာ ဖရီဒါက စိတ်သက်သာရာရစေပါတယ်”လို့ ဒုတိယ ရေတပ်ဝန်ကြီး အီဒူရာဒိုရီဒွန်ဒိုက ပြောပါတယ်။

လူ (၃၀၀) ကျော်သေဆုံးခဲ့တဲ့ မက္ကဆီကိုငလျင်လှုပ်ခတ်မှုမှာ မျက်စိအကာအကွယ်တပ်ဆင်ပြီး စာသင်ကျောင်း အပျက်အစီးတွေကြားမှာ ရှာဖွေရေးလုပ်နေတဲ့ဖရီဒါရဲ့ဓာတ်ပုံတွေကို ကမ္ဘာတစ်ဝန်းကသတိထားမိခဲ့တာပါ။ (၁၀) နှစ်အရွယ်ရှိနေတဲ့ ဖရီဒါက (၉) နှစ်ကြာ တာဝန်ထမ်းဆောင်မှုကနေအနားယူပြီးရင် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးတပ်ဖွဲ့မှာပါဝင်လာမယ့် မျိုးဆက်သစ်ခွေးတွေကို လေ့ကျင့်သင်ကြားပေးဖို့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top