နှုန်းထားအသစ်နဲ့ပေးဆောင်ရမယ့် မီတာခကို တွက်ကြည့်နိုင်မယ့် Meter Calculator

energy-usage.jpg

နှုန်းထားပြောင်းလဲသတ်မှတ်လိုက်တဲ့မီတာခတွေအကြောင်းကတော့ လတ်တလောမှာ လူပြောအများဆုံးအကြောင်းအရာတစ်ခုပါ။ အရင်ကထက် ပိုလာတဲ့မီတာခအတွက် စိုးရိမ်ပူပန်နေကြသူတွေကလည်း ဒုနဲ့ဒေးပါပဲ။ ဒီကုန်ကျစရိတ်ကို တတ်နိုင်သမျှအသက်သာဆုံးဖြစ်စေဖို့အတွက် အလဟဿ မဖြစ်အောင်သုံးစွဲဖို့၊ ချွေတာသုံးစွဲဖို့နဲ့ ကိုယ်အသုံးပြုနေတဲ့ပမာဏကို ပုံမှန်စစ်ဆေးကြည့်နေဖို့ မဖြစ်မနေလိုအပ်ပါတယ်။

အလဟဿမဖြစ်အောင်သုံးစွဲဖို့၊ ချွေတာသုံးစွဲဖို့ကိစ္စတွေနဲ့ပတ်သက်တဲ့ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနည်းလမ်းတွေကိုတော့ ပြီးခဲ့တဲ့ရက်တုန်းက မျှဝေပေးခဲ့ပြီးပါပြီ။

မီတာခနှုန်းထားအသစ်များအကြောင်းဖတ်ရှုရန် – http://tiny.cc/bl9x8y

လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး နည်းလမ်းများကိုဖတ်ရှုရန် – http://tiny.cc/rl9x8y

အခု ထပ်မံမျှဝေပေးချင်တာက သုံးစွဲထားတဲ့လျှပ်စစ်ဓာတ်အားပမာဏ (ယူနစ်) အရ နှုန်းထားအသစ်နဲ့ပေးဆောင်ရမယ့် မီတာခကို တွက်ကြည့်နိုင်မယ့် Meter Calculator ပါ။ အောက်ဖော်ပြပါလင့်ခ်ကနေ YESC Web စာမျက်နှာကိုသွားရောက်ပြီး ကိုယ်သုံးစွဲထားတဲ့ လျှပ်စစ်ဓာတ်အားပမာဏကို ရိုက်ထည့်ကာ ကျသင့်တဲ့မီတာခကို စစ်ဆေးကြည့်နိုင်မှာဖြစ်ပါတယ်။

Meter Calculator – http://tiny.cc/dn9x8y

Ref: YESC
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top