ဧရာမတွင်းပေါက်ကြီးကို ၂ ရက်တည်းနဲ့ ပြင်ဆင်ပြခဲ့တဲ့ ဂျပန်နိုင်ငံ

17.3.2023-yyl-iamge-22.jpg

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၈ ရက် နံနက် ၅ နာရီခွဲအချိန်က ဂျပန်နိုင်ငံ ဖူကူအိုကာမြို့လယ် လမ်းဆုံမှာ ၉၈ ပေ ကျယ်ပြီး ၄၉ ပေ နက်တဲ့ ဧရာမ တွင်းပေါက်ကြီး ဖြစ်ပေါ်ခဲ့ဖူးတယ်။ ဒါဟာ အံ့အားသင့်စရာ ဖြစ်ပေမဲ့ ဂျပန်အစိုးရရဲ့ ပြင်ဆင်ဆောင်ရွက်မှုက ပိုလို့တောင် အံ့အားသင့်စေခဲ့တယ်။ ဒီတွင်းပေါက်ကြီးကို ၂ ရက်အတွင်း မြေဖို့ပြီး လမ်းပြန်ခင်းခဲ့တာပါ။ ဒါပေမဲ့ လုပ်ငန်းစစ်ဆေးမှုတွေကြောင့် အဲဒီလမ်းကိုတော့ တစ်ပတ်အကြာမှ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။ တွင်းပေါက်ကြီး ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းရင်းကတော့ အနီးတစ်ဝိုက်မှာ မြေအောက် ဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် ဖြစ်ပါတယ်။

Ref: Japanese road reopens one week after vast sinkhole appeared

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top