သြစတြေးလျတောမီးလောင်ကျွမ်းမှုမှာ သေဆုံးတဲ့ ဒါမှမဟုတ် စားကျက်ရွှေ့ပြောင်းရတဲ့ တိရစ္ဆာန် ၃ ဘီလျံ ရှိ

29-7-2002-yyl-006.jpg

ပြီးခဲ့တဲ့နှစ်က သြစတြေးလျနိုင်ငံမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့ချိန်အတွင်း သေဆုံးခဲ့တဲ့ ဒါမှမဟုတ် စားကျက်ရွှေ့ပြောင်းခဲ့ရတဲ့ တိရစ္ဆာန် ၃ ဘီလျံနီးပါး ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ မျက်မှောက်ခေတ်သမိုင်းမှာ အဆိုးရွားဆုံး သားရဲတိရစ္ဆာန်ကပ်ဘေးတစ်ခု ဖြစ်တယ်လို့ ကမ္ဘာ့သားရဲတိရစ္ဆာန်ရန်ပုံငွေအဖွဲ့(WWF)က ပြောပါတယ်။ ပြီးခဲ့တဲ့နွေရာသီက သြစတြေးလျနိုင်ငံရဲ့ ပြည်နယ်အားလုံးမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးတွေကြောင့် အနည်းဆုံး လူ ၃၃ ယောက် သေဆုံးခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ စားကျက်ဆုံးရှုံးရမှုတွေကြောင့် သေဆုံးခဲ့ရတဲ့ တိရစ္ဆာန်တွေထဲမှာ နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ငှက်တွေနဲ့ ဖားတွေ ပါဝင်ပါတယ်။ သြစတြေးလျဝက်ဝံတွေဟာလည်း ၂၀၅၀ ပြည့်နှစ်ကျရင် နယူးဆောက်ဝေးလ်ပြည်နယ်မှာ မျိုးသုဉ်းပျောက်ကွယ်သွားမယ့် အခြေအနေ ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက တောမီးလောင်ကျွမ်းမှု အထွတ်အထိပ်ဖြစ်နေချိန်မှာ နယူးဆောက်ဝေးလ်နှင့် ဗစ်တိုးရီးယားပြည်နယ် ၂ ခုတည်းမှာတင် တိရစ္ဆာန် ၁.၂၅ ဘီလျံ သေဆုံးခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ ဖေဖော်ဝါရီလအထိ တောမီးလောင်ကျွမ်းခဲ့တဲ့ ဧရိယာဟာ ဟက်တာဧက ၁၁.၄၆ သန်းရှိပြီး အင်္ဂလန်နိုင်ငံ အကျယ်အဝန်းရှိပါတယ်။

တောမီးကြောင့် သေဆုံးတဲ့ ဒါမှမဟုတ် စားကျက်ရွှေ့ပြောင်းရတဲ့ သားရဲတိရစ္ဆာန်တွေထဲမှာ တွားသွားသတ္တဝါ ၂.၄၆ ဘီလျံ၊ ငှက်အကောင်ရေ သန်း ၁၈၀၊ နို့တိုက်သတ္တဝါ ၁၄၃ သန်း၊ ဖား ၅၁ သန်း ရှိတယ်လို့ WWF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တိရစ္ဆာန်တွေဟာ မီးလောင်ကျွမ်းမှုတွေကနေ လွတ်မြောက်ခဲ့ရင်လည်း အစားအစာနဲ့ ခိုလှုံစရာနေရာမရှိလို့ အသက်ရှင်သန်နိုင်ခြေ အလွန်နည်းပါးတယ်လို့ အစီရင်ခံစာ ထုတ်ပြန်မှုကို ဦးဆောင်တဲ့ ပါမောက္ခ ခရစ်ဒစ်မန်းက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top