ရော်နယ်ဒိုက မော်ဒန်လောကရဲ့ အကောင်းဆုံး အားကစားသမားပါလို့ ပီလီ ချီးကျူး

29-7-2002-yyl-007.jpg

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုက မော်ဒန်လောကရဲ့ အကောင်းဆုံး အားကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်ကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့အတူ နှစ်နှစ်ဆက်တိုက် စကူဒက်တိုဖလား ဆွတ်ခူးနိုင်ခဲ့သူပါ။ Ballon d’Or ဆု ၅ ကြိမ် ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုဟာ အသက် ၃၅ နှစ်အရွယ်ရှိနေပေမဲ့ ခြေစွမ်းကျဆင်းလာတဲ့ အရိပ်အယောင်မျိုးမရှိသေးပေမဲ့ သူ့ရဲ့စံနှုန်းအထိ ခြေစွမ်းပြနေဆဲပါ။

” ရော်နယ်ဒိုက မော်ဒန်လောက အားကစားသမားမျိုးပါ။ ကိုယ့်အလုပ်ကို စိတ်နှစ်ပြီးလုပ်ရင်၊ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်ချစ်မြတ်နိုးရင် အောင်မြင်မှုအစဉ်အမြဲရနိုင်တယ်ဆိုတာ အားလုံးသိအောင် ပြသနေသူပါ”လို့ ပီလီက သူ့ရဲ့အင်စတာဂရမ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့ဖူးတဲ့ ပီလီဟာ အရင်တုန်းကလည်း ရော်နယ်ဒိုကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားလို့ ချီးကျူးခဲ့ဖူးပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top