မော်ဒယ်တွေအဖြစ် မီးသတ်သမားတွေ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩစတြေးလျပြက္ခဒိန်

1.11.23-yyl-1.jpg

မီးသတ်သမားတွေ ပါဝင်ရိုက်ကူးထားတဲ့ The Australian Firefighters Calendar ကို ၁၉၉၃ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တာပါ။ တိရစ္ဆာန်ဂေဟာနဲ့ ကင်ဆာသုတေသနပရဟိတအဖွဲ့အစည်းအပါအဝင် ဩစတြေးလျအဖွဲ့အစည်းတွေဆီ ပြက္ခဒိန်ရောင်းရငွေတွေကို လှူဒါန်းပေးနေတာပါ။ အခုအချိန်ထိ ပရဟိတအဖွဲ့အစည်းတွေဆီ ဒေါ်လာ ၃.၄ သန်းကျော် လှူဒါန်းပြီးသွားပါပြီ။

ဒီပြက္ခဒိန်က ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းအစားဆုံးတွေထဲက တစ်ခုပါ။ မော်ဒယ်အဖြစ် မီးသတ်သမားတွေ ပါဝင်ထားတဲ့ ပြက္ခဒိန်ကို မြင်တဲ့သူတချို့က မေးခွန်းထုတ်ကြပါတယ်။ သူတို့တွေက တကယ်မီးသတ်သမားတွေလား၊ မော်ဒယ်တွေငှားထားတာလားလို့ မေးကြတာပါ။ ပြက္ခဒိန်မှာ ပါဝင်တဲ့ အမျိုးသားတွေအကုန်လုံးက ၁၀၀ ရာခို်ငနှုန်းအသိအမှတ်ပြုမီးသတ်သမားတွေပါ။

အခုနှစ် ပြက္ခဒိန်ရောင်းရငွေတွေကို Byron Bay Wildlife Hospital နဲ့ the Kids with Cancer Foundation လို ပရဟိတအဖွဲ့အစည်းတွေဆီ လှူဒါန်းမှာပါ။ အမေရိကန်နိုင်ငံက Greater Good Charities ရဲ့ Rescue Rebuild ပရိုဂရမ်အတွက်လည်း လှူဒါန်းသွားမှာဖြစ်ပါတယ်။

Ref: Australian Firefighters Join the Cutest Animals for the Hottest 2024 Calendar, Fans Have a Burning Question

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top