indiaintl.jpg

အိန္ဒိယနိုင်ငံ ကိုဗစ်ကွာရန်တင်းစင်တာမှာ ၁၄ နှစ်သမီး လိင်အနိုင်ကျင့်ခံရ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Covid-19 ကွာရန်တင်းစင်တာမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို တခြားလူနာတစ်ယောက်က လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီဖြစ်ရပ်မှာ အသက် ၁၉ နှစ်အရွယ် စွပ်စွဲခံရသူအမျိုးသားနဲ့ ရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့တယ်ဆိုတဲ့…

24-7-2020-yyl-018.jpg

ဗျူဟာအရအရေးပါတဲ့ ချန်ဒူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ တရုတ်အစိုးရ ညွှန်ကြား

တင်းမာမှုမြင့်တက်နေတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အပြန်အလှန် လက်တုံ့ပြန်မှုတွေကတော့ တစ်စထက်တစ်စ ကြီးထွားလာခဲ့ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ တရုတ်အစိုးရက ညွှန်ကြားလိုက်ပါပြီ။ ဒါဟာ အခုတစ်ပတ် အစောပိုင်းက ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းတဲ့…

23-7-2020-yyl-028.jpg

ဝေဖန်မှုတွေရင်ဆိုင်နေရတဲ့ ဒီဂီယာအတွက် ခံစားရတယ်လို့ ကက်စပါရှမိုက်ကယ် ပြော

အမှားအယွင်းများနေလို့ ဝေဖန်မှုတွေ ကြုံနေရတဲ့ မန်ယူဂိုးသမား ဒီဂီယာအပေါ် ဝေဖန်မှုတွေကြောင့် ခံစားရတယ်လို့ လက်စတာဂိုးသမား ကက်စပါရှမိုက်ကယ်က ပြောပါတယ်။ လက်စတာနဲ့ မန်ယူတို့ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲစဉ် ကစားရဖို့ရှိနေပြီး အဲဒီပွဲစဉ်မတိုင်ခင် ကက်စပါရှမိုက်ကယ်က အခုလို ပြောခဲ့တာပါ။…

23-7-2020-yyl-027.jpg

လီဗာပူးနဲ့အတူ အောင်ပွဲခံနေတုန်း ဖာဘင်ဟိုရဲ့နေအိမ် ဖောက်ထွင်းခံရ

ဘရာဇီးကွင်းလယ်လူ ဖာဘင်ဟိုက လီဗာပူးအသင်းဖော်တွေနဲ့အတူ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးမှု အောင်ပွဲခံနေတုန်း သူ့ရဲ့နေအိမ် ဖောက်ထွင်းခံခဲ့ရပြီး ကျောက်မျက်ရတနာတွေနဲ့ ကားတစ်စီး ခိုးယူခံခဲ့ရပါတယ်။ ဖာဘင်ဟိုနဲ့ သူ့မိသားစုတွေ အိမ်မှာမရှိတုန်း ဖောက်ထွင်းခံရတာပါ။ ဒီဖောက်ထွင်းမှုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ နေ့လယ် ၃ နာရီကနေ ကြာသပတေးနေ့…

23-7-2020-yyl-026.jpg

တရုတ်စစ်တပ်မှာ ပါဝင်ခဲ့ဖူးတာကို ဖုံးကွယ်ထားခဲ့လို့ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံသား ၄ ယောက်ကို ဗီဇာလိမ်လည်လျှောက်ထားမှုနဲ့ စွဲချက်တင်

တရုတ်စစ်တပ်မှာ တပ်ဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တယ်ဆိုတဲ့အချက်ကို လိမ်ညာခဲ့တယ်ဆိုပြီး အမေရိကန်နိုင်ငံက တရုတ်နိုင်ငံသား ၄ ယောက်ကို ဗီဇာလိမ်လည်လျှောက်ထားမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ လူသုံးယောက်ကို ဖမ်းဆီးထားပြီး နောက်တစ်ယောက်ကိုတော့ FBI က ရှာဖွေနေဆဲပါ။ သူဟာ ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးထဲမှာ ရှိနေတယ်လို့…

23-7-2020-yyl-025.jpg

အစ္စရေးတိုက်လေယာဉ်တွေက အနားကပ်ပျံသန်းခဲ့လို့ အီရန်ခရီးသည်တင်လေယာဉ်ပေါ်က ခရီးသည်တွေ ဒဏ်ရာရ

ဆီးရီးယားနိုင်ငံ လေပိုင်နက်ထဲမှာ အစ္စရေးတိုက်လေယာဉ်တွေက အီရန်ခရီးသည် တင်လေယာဉ်တစ်စင်းနဲ့ အန္တရာယ်ဖြစ်လောက်အောင် အနားကပ်ပျံသန်းခဲ့တယ်လို့ အီရန်အစိုးရပိုင် Irib သတင်းဌာနက ဖော်ပြပါတယ်။ မာဟန်လေကြောင်းလိုင်း(Mahan Air)ရဲ့ လေယာဉ်မှူးက ခရီးသည်တင်လေယာဉ်ကို ရုတ်တရက် အမြင့်ပေ နိမ့်ချခဲ့လို့ ခရီးသည်တော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။…

23-7-2020-yyl-024.jpg

ပတ်လမ်းထဲရှိ ဂြိုဟ်တုတွေကို တိုက်ခိုက်ဖို့ ရုရှားနိုင်ငံက အာကာသထဲ လက်နက်တွေစမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန်နဲ့ ဗြိတိန် စွပ်စွဲ

ပတ်လမ်းထဲရှိ ဂြိုဟ်တုတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ အသုံးပြုနိုင်တဲ့ လက်နက်ပုံစံ ဒုံးကိရိယာကို အာကာသထဲ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက စွပ်စွဲခဲ့ပါတယ်။ မကြာသေးခင် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ကိရိယာဟာ ပတ်လမ်းသွား ဂြိုဟ်တုဖျက်လက်နက် ဖြစ်ဖွယ်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။ ရုရှားနိုင်ငံရဲ့…

23-7-2020-yyl-012.jpg

ပရီးမီးယားလိဂ်ကို စံချိန်တင်တန်းတက်ခွင့်ရခဲ့တဲ့ ဝက်စ်ဘရွန်း

ရာသီသိမ်းပွဲစဉ်မှာ ကျူပီအာနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းဟာ ဘရန့်ဖို့ဒ်အသင်း အိမ်ကွင်းရှုံးပွဲကြုံခဲ့လို့ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဝက်စ်ဘရွန်းအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စံချိန်တင်(၅)ကြိမ်မြောက် တန်းတက်ခွင့်ရရှိခဲ့တာပါ။ ဝက်စ်ဘရွန်းအသင်း တန်းတက်ခွင့်ရပြီးနောက်မှာ ဒေသကောင်စီနဲ့ အသင်းကနေ…

23-7-2020-yyl-011.jpg

ပေါ်လီဆစ်ကို ဟာဇက်နဲ့ခိုင်းနှိုင်းခဲ့တဲ့ လမ်းပတ်

ချဲလ်ဆီးအတွက် ပေါ်လီဆစ်ရဲ့ ပံ့ပိုးပေးနိုင်စွမ်းက ဟာဇက်နဲ့ နှိုင်းယှဉ်နိုင်တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။ လီဗာပူးနဲ့ပွဲစဉ်မှာ လူစားဝင် ကစားခဲ့တဲ့ ပေါ်လီဆစ်က တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးပြီးတဲ့နောက်မှာ လမ်းပတ်က အခုလို ပြောခဲ့တာပါ။ အသက် ၂၁ နှစ်ရှိတဲ့…

23-7-2020-yyl-010.jpg

ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ အမေရိကန်အစိုးရ ညွှန်ကြား

တက္ကဆပ်ပြည်နယ် ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ဇူလိုင်လ ၂၃ ရက် နောက်ဆုံးထား ပိတ်ပစ်ဖို့ အမေရိကန်နိုင်ငံက ညွှန်ကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက ဉာဏမူပိုင်ခွင့်တွေ ခိုးယူနေလို့ အခုလို ဆုံးဖြတ်ချက်ချမှတ်ခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဒီလုပ်ရပ်က…