လေဆိပ်မှာ ခရီးသည်တွေ တရားမဝင် သယ်လာတဲ့ငွေတွေကို အနံ့ခံကောင်းတဲ့ ခွေးလေးကဖော်ထုတ်

14-8-2020-yyl-015.jpg

အနံ့ခံကောင်းတဲ့ ခွေးတစ်ကောင်က ဖရန့်ဖတ်လေဆိပ်မှာ ခရီးသည်တွေ တရားဝင်မဖော်ပြဘဲ သယ်လာတဲ့ ယူရိုငွေ ၂၄၇,၂၈၀ ကို ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ အက်ကီလို့ အမည်ပေးထားတဲ့ ဂျာမန်သိုးထိန်းခွေးဟာ ပြီးခဲ့တဲ့ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်လ အစောပိုင်းကာလမှာ လူ ၁၂ ယောက် လျှို့ဝှက်သယ်လာတဲ့ ငွေများကို ရှာဖွေနိုင်ခဲ့တာပါ။ တစ်ကြိမ်မှာတော့ အမျိုးသားတစ်ယောက်ရဲ့ အိပ်ကပ်ထဲမှာ ဝှက်ထားတဲ့ ယူရို ၅၂,၀၀၀ လောက်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီခရီးသည်အားလုံးဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ တတိယနိုင်ငံတွေကို ခရီးသွားမယ့်သူတွေပါ။ အဲဒီခရီးစဉ်တွေမှာ ငွေသယ်ဆောင်မှုကို တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းတွေအရ တတိယနိုင်ငံတွေကို ကူးသန်းသွားလာတဲ့အခါ ယူရိုငွေသား ၁၀၀၀၀ ထက် ပိုမိုသယ်ဆောင်မယ်ဆိုရင် တရားဝင်ဖော်ပြဖို့ လိုအပ်ပါတယ်။ ၉ နှစ်အရွယ်ရှိတဲ့ ခွေးလေး အက်ကီဟာ ပြီးခဲ့တဲ့နှစ်ကလည်း တရုတ်နိုင်ငံကို သွားရောက်မယ့် အမျိုးသားတစ်ယောက်ထံကနေ ယူရို ၁၀၀၀၀ ကျော် သိမ်းဆည်းရမိအောင် ကူညီနိုင်ခဲ့ပါတယ်။ ” ပိုက်ဆံက အနံ့ခံဖို့ မလွယ်ပေမဲ့ အက်ကီအတွက်တော့ ပြဿနာမရှိဘူးဆိုတဲ့ ဆိုရိုးစကားတောင် ရှိပါတယ်”လို့ ဖရန့်ဖတ်လေဆိပ်ရဲ့ အကောက်ခွန်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အစ္စဘယ်ဂီမန်းက ပြောပါတယ်။

Ref: BBC ” Frankfurt sniffer dog catches whiff of hidden cash stash”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top