MPT ၏ ထပ်ဆောင်းဝန်ဆောင်မှု သုံးစွဲသူများအတွက် “ကျေးဇူးတုံ့ပြန်ခြင်း အစီအစဥ်” မှ ရွှေ(၁၀) ကျပ်သားဆု ကံထူးရှင် ပေါ်ထွက်လာ

9.10.23-yyl-20.jpg

မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ထပ်ဆောင်းဝန်ဆောင်မှု သုံးစွဲသူများအတွက် “ကျေးဇူးတုံ့ပြန်ခြင်း” အစီအစဥ်တွင် ရွှေ (၁၀) ကျပ်သားဆုကို ကံထူးသွားသည့် ကချင်ပြည်နယ်မှ ဒေါ်သန်းနုအား ဆုပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ (၆) ရက်က MPT ရုံးချုပ်တွင် ကျင်းပခဲ့ပါသည်။ ရွှေ (၁၀) ကျပ်သား ကံထူးရှင်ကို ၂၀၂၃ ခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း MPT ၏ ထပ်ဆောင်းဝန်ဆောင်မှု သုံးစွဲသူများထဲမှ ရွေးချယ်ထားခြင်းဖြစ်ပါသည်။ရွှေ (၁၀) ကျပ်သားဆုအား MPT ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့ထိပ်တန်းစာရင်းဝင် COMVIVA Technologies Limited မှ ပံ့ပိုးကူညီပေးခြင်းဖြစ်ပါသည်။ ၄င်းကုမ္ပဏီသည် ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး သုံးစွဲသူများ၏ ကြိုက်နှစ်သက်မှုအပေါ်မှုတည်၍ ဒေတာအသုံးပြုခြင်းမှ စီးပွားရေးလုပ်ငန်းများ လုပ်နေသည့် ကုမ္ပဏီ ဖြစ်ပါသည်။

MPT အနေဖြင့် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိကျင်းပသွားမည့် ကျေးဇူးတုံ့ပြန်ခြင်း အစီအစဥ်တွင်လည်း စုစုပေါင်းကျပ်ငွေ သိန်း ၂၇၀ ကျော်တန်ဖိုးရှိ စိတ်လှုပ်ရှားဖွယ်ရာဆုများဖြစ်သည့် ရွှေဒင်္ဂါးပြားများ၊ ရွှေဆွဲပြားများ၊ ရွှေပီချူးများ၊, Mi Pad 6, iPhone 14, MPT ဖုန်းငွေဖြည့်ကတ်များ၊ SAMSUNG A34, Redmi Note 12 နှင့် MPT ဒေတာ (1.2GB) များစွာပါဝင်ပါသည်။ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ထပ်ဆောင်းဝန်ဆောင်မှုများနှင့်အတူ ဆုများကံထူးခွင့် ရရှိမည်ဖြစ်ပါသည်။

သုံးစွဲသူများ လွယ်ကူအဆင်ပြေရန်နှင့် စိတ်ကျေနပ်မှု ရရှိစေရန်အတွက် MPT မှ ထပ်ဆောင်းဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပြီး ရုပ်သံဖျော်ဖြေမှုများ၊ သီချင်းများ၊ ဂိမ်းများ၊ ဗွီဒီယိုပြိုင်ပွဲများ၊ ဗေဒင်ကဏ္ဍ နှင့် အခြားဖျော်ဖြေရေးဝန်ဆောင်မှုများ ပါဝင်ပါသည်။ ထပ်ဆောင်းဝန်ဆောင်မှု သုံးစွဲသူများအနေဖြင့် အဆိုပါ ဝန်ဆောင်မှုများကို ရရှိခံစားနိုင်သည့်အပြင် အခါအားလျော်စွာ ကျင်းပလျက်ရှိသည့် ကျေးဇူးတုံ့ပြန်သည့် အစီအစဥ်များမှတစ်ဆင့် စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များလည်း ရရှိကံထူးနိုင်ဦးမည်ဖြစ်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က, “ကျွန်တော်တို့အနေနဲ့ ဒီအစီစဥ်ကို MPT ရဲ့ ထပ်ဆောင်းဝန်ဆောင်မှု သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်လိုတာကြောင့် စီစဥ်ခဲ့ရခြင်းဖြစ်ပါတယ်။ ရွှေ (၁၀) ကျပ်သားဆု ကံထူးရှင်အပါအဝင် အခြားသော ကံထူးရှင်တွေအားလုံးကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ဒီကျေးဇူးတုံ့ပြန်ခြင်း အစီအစဥ်ကနေ ကံထူးရှင်အတွက် မမေ့နိုင်စရာ အတွေ့အကြုံတစ်ခုကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအနေနဲ့ သုံးစွဲသူတွေရဲ့ နေ့စဥ်ဘဝကို ပိုမိုပြီးပြည့်စုံစေတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ပေးအပ်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ကျေးဇူးတုံ့ပြန်ခြင်း အစီအစဥ်က စဥ်ဆက်မပြတ်ဆောင်ရွက်နေတဲ့ အစီအစဥ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သုံးစွဲသူတွေအနေနဲ့လည်း MPT ရဲ့ ထပ်ဆောင်းဝန်ဆောင်မှုတွေကို သုံးစွဲပြီး ကံထူးဆုလက်ဆောင်တွေ ရယူကြဖို့ တိုက်တွန်းလိုပါတယ်” ဟုပြောကြားခဲ့ပါသည်။

ရွှေ(၁၀)ကျပ်သားဆု ကံထူးရှင် ဒေါ်သန်းနုမှလည်း ၎င်း၏အတွေ့အကြုံနှင့် MPT ၏ ထပ်ဆောင်းဝန်ဆောင်မှုမှ ရရှိသော ဝန်ဆောင်မှုများ နှင့် ကျေးဇူးတုံ့ပြန်ခြင်း အစီအစဥ်အပေါ် ခံစားချက်များကို မျှဝေခဲ့ပါသည်။ ဒေါ်သန်းနု က “ကျွန်မအနေနဲ့ဖုန်းစသုံးကတည်းက MPTတစ်ခုထဲကိုပဲ အစဥ်တစိုက် သုံးစွဲခဲ့တာပါ။ MPT ရဲ့ထပ်ဆောင်း ဝန်ဆောင်မှုတွေကိုလည်း အမျိုးအစားစုံလင်တာမို့ သတိထားမိပြီး သုံးဖြစ်ခဲ့တာပါ။ MPT သုံးစွဲသူတွေအတွက် အထူးသဖြင့် ထပ်ဆောင်းဝန်ဆောင်မှု အသုံးပြုသူတွေအတွက် ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ရွှေ(၁၀) ကျပ်သားဆုပေးမယ့် အထူးအစီအစဉ် ကိုစိတ်ဝင်စားပေမယ့် ကိုယ်တိုင် ကံထူးမယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။ အခုလို ရွှေ (၁၀) ကျပ်သားဆုကြီး ကံထူးတယ်ဆိုတာ သိလိုက်ရချိန်မှာ မယုံနိုင်လောက်အောင် အံ့သြဝမ်းသာဖြစ်မိသလို ဒီလို အစီစဥ်ကောင်းတွေ မကြာခဏ စီစဥ်ပေးဖို့လည်း မျှော်လင့်မိပါတယ်။

ထပ်ဆောင်းဝန်ဆောင်မှုတွေထဲမှာ ကျွန်မအနှစ်သက်ဆုံးကတော့ Magic App, ဗေဒင်ဝန်ဆောင်မှုနဲ့ မဟာရုပ်သံလိုင်းတွေပါပဲ။ ဒီလိုမျိုး ထူးခြားပြီး ပျော်ရွှင်စရာကောင်းတဲ့ အစီအစဥ်တွေကို စီစဥ်ပေးတဲ့ MPT က တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ MPT ဆထက်တပိုးတိုးပြီး အောင်မြင်ဖို့အတွက်လည်း ဆုတောင်းပေးပါတယ်။” ဟုပြောကြားခဲ့ပါသည်။

MPT အနေဖြင့် သုံးစွဲသူများအတွက် ထူးခြားကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဥ်ဆက်မပြတ် ပေးအပ်လျက်ရှိသည့်အပြင် သုံးစွဲသူများ စိတ်ကျေနပ်မှုပိုမိုရရှိစေရန်အတွက် ဆန်းသစ်သော ထုတ်ကုန်များကို စဥ်ဆက်မပြတ် ထုတ်လုပ်လျက်ရှိပြီး လတ်တလောတွင် MPT သုံးစွဲသူများအနေဖြင့် မမျှော်လင့်ဘဲ ဒေတာလက်ကျန် လျော့နည်းနေချိန်တွင် ဒေတာပက်ကေ့ချ်များကို အဆင်ပြေစွာ ချေးယူသုံးစွဲနိုင်မည့် “Yu Htar DATA” ဝန်ဆောင်မှု အသစ်ကို MPT က မိတ်ဆက်လိုက်ပြီးဖြစ်ပါသည်။ MPT သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ သတ်မှတ်ထားသော ဒေတာပက်ကေ့ချ်၏ ချေးငွေချေးယူနိုင်သော ပမာဏပေါ်မူတည်၍ 350 MB မှစ၍ အများဆုံး 2,160 MB (2GB) အထိ ချေးယူနိုင်မည်ဖြစ်ပါသည်။

MPT အနေဖြင့် သုံးစွဲသူများအား ကျေးဇူးအထူးတင်ရှိကြောင်း ပြသလိုသည့်အတွက် စိတ်လှုပ်ရှားဖွယ်ရာ ဆုများပါဝင်သည့် ကျေးဇူးတုံ့ပြန်ခြင်း အစီအစဥ်ကို စီစဥ်ခဲ့ခြင်းဖြစ်ပါသည်။ MPT အနေဖြင့် ထပ်ဆောင်းဝန်ဆောင်မှု သုံးစွဲသူတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top